~21~

2.1K 149 6
                                    


"တော်သေးတာပေါ့ စာမေးပွဲကြီးကို ရင်တထိတ်ထိတ်နဲ့ ကျော်ဖြတ်နိုင်လို့"

အခန်းထဲမှ ထွက်ထွက်ချင်း နွယ်နီ သက်ပြင်းမောချရင်း ပြောမိသည်။ ဘေးမှ သူငယ်ချင်းသုံးယောက်မှာလည်း ခေါင်းတညိမ့်ညိမ့်ဖြင့်ထောက်ခံလို့။ ယနေ့က စာမေးပွဲနောက်ဆုံးရက်ဖြစ်သည်မို့ ကျောင်းသားတွေအဖို့ အပူလုံးကြီး ကျသွားသလို ခံစားရသည်လေ။

"စာမေးပွဲလည်းပြီးပြီဆိုတော့ မနေ့ကပြောထားတဲ့အတိုင်း မုန့်သွားစားကြမယ်နော် ဟေ့ရောင်တို့"

သန့်ဇင်က စာသာမေ့ချင်မေ့မယ် ထိုကိစ္စဆို တက်ကြွစွာပင် ပြောလာပါသည်။ ထို့အတူ နွယ်နီကလည်း သန့်ဇင်ကဲ့သို့ နှစ်ခါခေါ်စရာမလိုအောင် ပါပြီးသားပေ။

"ဟက် ရှိန်း နင့်လူကြီးတော့ လာမခေါ်ဘူးမလား" နွယ်နီက စနောက်ရင်းရှိန်းကိုမေးခြင်းပင်။ ရှိန်းမှာ အလိုမကျဖြစ်သွားသည့်မျက်နှာထားဖြင့် ဆိုလာ၏။

"ဘာငါ့လူကြီးလဲ အဲ့လူ လာမှာလဲမဟုတ်ဘူး သူ့အလုပ်နဲ့သူရှုပ်နေတာ"

ရှိန်းမျက်နှာမှာ တစ်ယောက်ယောက်ကိုစိတ်ဆိုးနေတယ်ဆိုတာ အသိအသာ။ အကဲခတ်မိတဲ့နွယ်နီကလည်းဆက်၍ စလာပြန်သည်။

"ဘာလဲ နင့်ကို လာမကြိုနိုင်လို့ စိတ်ဆိုးနေတာမလား..အဟိ ရည်းစားတောင်မဖြစ်သေးဘူး စိတ်တွေပါကောက်တတ်နေပြီ"

"နွယ်နီ နင့်ပါးစပ်ပိတ်ထားစမ်း"

ရှိန်းငေါက်လိုက်တော့မှ နွယ်နီ ကိုယ့်ပါးစပ်ကို ဇစ်ဆွဲသလိုပိတ်လိုက်သည်။ ကျန်တဲ့လရောင်နဲ့သန့်ဇင်မှာလည်း ပြုံ့တုံ့တုံ့ဖြင့်။

"အာ... ငါ မေ့နေတာ အိမ်ကိုတောင်မပြောထားမိဘူး"

ယခုမှ ညည်းညည်းညူးညူးဆိုလာသူက လရောင်ပျို့ပင်။ သူ တကယ်လည်း ဂုဏ်ရည့်ကို ပြောလာဖို့မေ့လျော့ခဲ့သည်။

"အဲ့တာများ အခု ဖုန်းဆက်ပြီးပြောလိုက်ပေါ့ သူငယ်ချင်းတွေနဲ့ဘဲတွေ့ရမှာကို နင့်ဦးက နင့်ကို လွှတ်မှာပါဟ"
နွယ်နီမှာ လရောင်နားကပ်ပြီး ပြောတော့ လရောင် ပြုံးရင်းခေါင်းညိမ့်သည်။ ဟုတ်ပါတယ်လေ ဦးက ဒီလောက်တော့ ခွင့်ပြုမှာပါ။

 Kiss me,Baby (Completed)Where stories live. Discover now