ဆုတောင်းလေးပြည့်ပါရစေ (Uni)

2.3K 171 54
                                    

ဆုတောင်းလေးပြည့်ပါရစေ


Unicode

ဉာဏ် , မနက်ခင်းလေ့ကျင့်ခန်းလုပ်ရန် ကန်သာယာပန်းခြံသို့လမ်းလျှောက်လာခဲ့သည် ။

ကန်သာယာလို့ခေါ်တွင်သည့်အတိုင်း ကန်ရေပြင်ကျယ်ကြီးကို အုတ်တံတိုင်းလေးတွေဖြင့်ကာခါ အလယ်တွင်သစ်ပင် ၊ပန်းပင်လေးတွေ စိုက်ပျိုးထားပြီး ပန်းခြံတည်ဆောက်ထားခဲ့ကြသည် ။ ဆောင်းမနက်ခင်းဖြစ်သည်မို့အေးစက်စက် နှင့် လတ်ဆတ်သောလေထုရဲ့အထိအတွေ့ကိုလည်း အားကစားဝတ်စုံ အောက်မှခန္ဓာကိုယ်ကသိရှိခံစားရသည် ။ သိုပေမဲ့ အဲဒီလိုမျိုးကိုသူနှစ်သက်သည် ။

ပန်းခြံဝန်းအတွင်း နားကြပ်လေးတပ်သီချင်းနားထောင်ကာသုံးပတ်လောက်ပြေးပြီးနောက်..လက်မောင်းလေ့ကျင့်ခန်းလုပ်သည့်စက်ကရိယာဖြင့်အားကစားလုပ်နေကာ ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှု့နေလိုက်သည် ။ သူ့အရှေ့ အုတ်ခုံဘောင်တွင်ထိုင်နေသည့် နှင်းရုပ်ထုလေး တင်ထားသလို ဖြူဖြူစွတ်စွတ်ကောင်လေးတစ်ယောက်သည်လည်း လှုပ်ရှားနေသည့် သူများကိုကြည့်ကာ ပြုံးနေသည် ။ အမြဲပြုံးကာကြည့်နေတတ်သည့် ဒီကောင်လေးကို သတိထားမိတာ သုံးရက်လောက်တော့ရှိပြီ ။ ထို့ကြောင့် နှုတ်ဆက်ရန် ထိုကောင်လေးနားသို့ လျှောက်လာခဲ့လိုက်သည်...။

"ညီလေး တစ်ယောက်တည်းလား ?  "

"ဟုတ်ကဲ့ ခင်ဗျ ။"

တိမ်လွှာ အနားသို့ လူစိမ်းတစ်ယောက်ရလာကာ စကားပြောသောကြောင့် ရည်ရည်မွန်မွန်သာပြန်ဖြေလိုက်သည်..။

"အစ်ကို..ညီလေးကို သတိထားမိတာကြာပြီလေ ။ ဒါကြောင့်လာနှုတ်ဆက်တာပါ "

"ဟုတ်ကဲ့..ရပါတယ်ဗျ ။ "

ကိုယ်ဘာပြောပြော ဟုတ်ကဲ့ တစ်လုံးသာပြန်ဖြေနေ၍ ဉာဏ်လည်း အားနာစွာ နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့မိသည်..။

တိမ်လွှာ ဘေးကလူထွက်သွားတော့မှ အပေါ်ထပ်အကျီအိတ်ထဲ ခေါက်ထည့်ထားသည့် လမ်းလျှောက်တုတ်လေးကို ဆန့်ထုတ်ကာ အိမ်သို့ပြန်လာခဲ့လိုက်သည် ။

ဆုတောင်းလေးပြည့်ပါရစေ [One Shot]Where stories live. Discover now