အခန်း(၃၇)

171 12 0
                                    

ိ“ကျွီ”

တံခါးဖွင့်သံကြားသဖြင့်ပန်းဝါခေါင်းထောင်ကြည့်လိုက်မိသည်။ထောင်မှူးကြီးမင်းရဲနန္ဒကအချုပ်ခန်းအတွင်းသို့ဝင်လာခဲ့သည်။

“မိဖုရားကိုအဆိပ်ခပ်တာမင်းလား”

“မဟုတ်ပါဘူး။ကျွန်မမိဖုရားကိုအဆိပ်မ
ခတ်ဘူး”

“ဒါဆိုမင်းရဲ့ဆေးသေတ္တာထဲကိုအဆိပ်ဆေးလုံးတွေဘယ်လိုလုပ်ပြီးရောက်နေတာလဲ”

“ကျွန်မမသိဘူး”

“ဖြန်း”

ထောင်မှူးကပန်းဝါပါးကိုရိုက်ချလိုက်သည်။

“ဒီမှာမိန်းကလေး…မင်းငါ့ကိုလိမ်ဖို့မကြိုးစားနဲ့။
မင်းကမိဖုရားစောမင်းလှရဲ့အတွင်းလူယုံ။မိဖုရားစောမင်းလှကမိဖုရားရှင်စောပုကိုလုပ်ကြံဖို့
မင်းကိုအမိန့်ပေးခဲ့တယ်မဟုတ်လား”

“မဟုတ်ပါဘူး။မိဖုရားကကျွန်မကိုဘာအမိန့်မှမပေးပါဘူး။သူကိုယ်တိုင်တောင်နန်းတော်အပြင်ဘက်ကိုထွက်နေတာပါ။နန်းတွင်းကကိစ္စတွေကိုသူဘာမှစိတ်မဝင်စားပါဘူး”

“ဒါဆိုမင်းကကိုယ့်သဘောနဲ့ကိုယ်လုပ်ကြံလိုက်တာလား”

“ရှင်”

ထောင်မှူးစကားကြောင့်ပန်းဝါကြောင်သွား
သည်။ပြီးမှသူမကသတိဝင်သွားသည်။

“မဟုတ်ဘူး…မဟုတ်ဘူး။ကျွန်မမလုပ်ကြံဘူး”

“ဖြန်း”

ထောင်မှူးကပန်းဝါပါးကိုရိုက်ချလိုက်ပြန်ရာပန်းဝါကြမ်းပြင်ပေါ်ကိုယိုင်လဲသွားသည်။

“ထောင်မှူးမလုပ်ပါနဲ့"

ဗညားအိမ်ကအချုပ်ခန်းအတွင်းပြေးဝင်လာပြီး
ပန်းဝါကိုပွေ့ထူလိုက်သည်။

“ကျွန်တော်မျိုးတောင်းပန်ပါတယ်ထောင်မှူး။ဒီမိန်းကလေးကိုမနှိပ်စက်ပါနဲ့။သူဒီလိုလုပ်မှာမဟုတ်ပါဘူး။သူကတရားခံမဖြစ်နိုင်ပါဘူး”

“တရားခံမဖြစ်နိုင်ဘူးလို့မင်းကိုဘယ်သူကပြောလဲ။သူ့ဆီကသက်သေခံပစ္စည်းကိုမိထားတာ”

ဗညားအိမ်ကပြောစရာစကားရှာမရသဖြင့်ပန်းဝါကိုငုံ့ကြည့်လိုက်မိသည်။ပန်းဝါ၏ပါးနှစ်ဖက်လုံးကယောင်ကိုင်းနေသည်။ပန်းဝါ၏မျက်လုံးလေးများမှရိုးသားဖြူ စင်သောအရိပ်အယောင်ကိုလည်းသူမြင်နေရသည်။

The Love Tree, 600 years ago (u&z)(Completed)Where stories live. Discover now