Episode-34

2.4K 213 1
                                    

ရှောင်ကျန့်သည်သူ၏လက်ထဲရှိအရေပြားတုကို...ကြည့်ပြီးအံ့သြတစ်ဝက်..ဒေါသထွက်တစ်ဝက်..အသားတစက်စက်တုန်နေခဲ့သည်။သူကအမှုထမ်းလာပြောသည်နှင့်ချက်ချင်းပင်လိုက်လာခဲ့၍တရားခံအစစ်ကိုတွေ့ခဲ့လေပြီဖြစ်သည်။

"မင်း!!!!!!..ယဲ့လော့လော့..!!"

အနှိပ်စက်ခံထားရသော.သူမသည်..မဲ့ပြုံးတခုနှင့်ပြန်တုန့်ပြန်လာခဲ့သည်။

"သိပ်ဟုတ်တာပေါ့...
အရှင်က...အသက်သိပ်ပြင်းတာပဲ!!!"

"အပိုတွေမဆိုစမ်းနဲ့..!!!
ငဲ့ညှာမှုကို.မသိတတ်တဲ့မင်းလိုမိန်းမနဲ့..မင်းရဲ့အဖေကို..လောကကြီးထဲက.အပြီးတိုင်နှင်ထုတ်မှဖြစ်တော့မယ်!!"

"ကျနော်မျိုးမတစ်ယောက်တည်းရဲ့.ကိစ္စပဲ။အဖေနဲ့မသက်ဆိုင်ဘူး.!!!"

"ဘယ်လိုလုပ်ကြမလဲ...လျန်မေ..မကွပ်မျက်ခံရခင်.တရားခံက.မင်းအဖေလို့ပြောသွားတာပဲ!!!"

"ဘာ...!!!!!"

"သိပ်စိတ်ပျက်ဖို့ကောင်းတယ်ဟာတွေပဲ...။
ကျန်းချန်!!!"

"အမိန့်ရှိပါ..!!!"

"သူတို့သိပ်ချစ်ကြတဲ့.သားအဖနှစ်ယောက်ကို..သေမင်းတမန်မှာ ၇ညအိပ်ခိုင်းပြီးရင်.မသေမချင်း.အရေတစ်လွှာချင်းစုတ်ပြီးကွပ်မျက်လိုက်!!!"

ဤအမိန့်သံကိုကြားရသော..လူတို့က.ထိတ်လန့်တုန်လှုပ်လျက်အသက်ပင်မရှုရဲကြချေ။

"အသုံးမဝင်တဲ့. အမှိုက်လိုဟာတွေ...ငါကိုယ်တော့်မြတ်နိုးရတဲ့အရာကိုထိပါးလာရင်..ဒီအတိုင်းပဲအဆုံးသတ်ရလိမ့်မယ်!!!"

ဧကရာဇ်ထွက်သွားခါမှ.လူသူများက.အသက်ဝဝရှုရဲတော့သည်..။စစ်သူကြီးကျန်းသည်ဘုရင့်အမိန့်တော်အတိုင်းဆောင်ရွက်ရန်ရာဇဝတ်သားကို.ဦးဆောင်၍ခေါ်သွားသည်။

ထိုနေ့သည်ကား..ရက်စက်သောဧကရာဇ်၏ပုံရိပ်ကိုမျက်ဝါးထင်ထင်မြင်ခွင့်ရသောနေ့ဖြစ်ခဲ့သည်။ဧကရာဇ်အား..မည်သူမျှအာမခံရဲကြတော့ချေ။ဤလောက၌မိမိအသက်ကို.တန်ဖိုးမထားသည့်သူရှိပါအံ့လော။
<><><>
Warning!!!!
:This part may confuse to some sensitive readers. Cause it contains mature contents like sexual scene.Read at your own risk!!!

No one but U, your Majesty !(Completed )Where stories live. Discover now