Episode-11

3.2K 360 27
                                    

မာယာကျော့ကွင်း...အစပျိုးခဲ့လေပြီ....

ချင်းဟယ်နန်းဆောင်တွင်....ရှေ့မှနောက်..ခြေလှမ်းချင်းထပ်နေအောင်လျှောက်နေသော..မိန်းမပျိုတစ်ဦး....

မျက်နှာလေးမှာတော့ချောမောသလောက် ခတ်ထန်နေသည်မှာ တစ်စုံတစ်ခု ကိုအပြင်းအထန်စဥ်းစားနေဟန်.....

ထို့နောက် အကြံရသွားဟန်နှင့် ခပ်မဲ့မဲ့အပြုံးတစ်ချက်ကို ပနိဆင်ပြီး

'ဟက်....ကျန့်...ကျန့်...ဒီတစ်ခါတော့..ရှင်ကျမကိုမလွန်ဆန်နိုင်ပါဘူး..ဟား..ဟားးဟား'

'လာကြစမ်းအပြင်မှာဘယ်သူရှိလဲ'

"အမိန့်ရှိပါ..လျန်မိဖုရား"

'ငါဒီနေ့ည နန်းပြင်ကိုခဏသွားမယ်...ဘယ်သူကိုမှမသိစေချင်ဘူး။အားလုံးပိရိနေပါစေ။'

"ဟုတ်ကဲ့..ကျနော်မျိုးမပြင်ဆင်ထားလိုက်ပါ့မယ်"

'ကောင်းပြီ..သွားတော့'

အစေခံမလေးထွက်သွားသည်နှင့် ပေရွက်တစ်ရွက် ပေါ်တွင်... စာလုံးတစ်ချို့ရေးလိုက်သည်။

ထို့နောက်ပေရွက်ကိုသေချာစွာခေါက်လိုက်ကာ...နူတ်ခမ်းတစ်ခြမ်းရွဲ့ကာပြုံးလိုက်ရင်းသူမ၏စာလွှာကို..စာပို့ငှက် ပေါ်အသေအချာချိတ်လိုက်သည်။

'ဒီစာကို..ချင်မျိုးနွယ်ဆီသေချာရောက်အောင်ပို့ခဲ့ရမယ်နော်...ဟား..ဟား'

သူမစကားသံဆုံးသည်နှင့်...အဆောင်တော်ထဲမှစာပို့ငှက်လေးကတော့ ပျံသန်းပျောက်ကွယ်သွားချေပြီ။

သူမသိပ်သိတာပေါ့..ချင်မျိုးနွယ်ကသေချာပေါက်သူမစိတ်တိုင်းကျအောင်..လုပ်ဆောင်ပေးနိုင်မယ်ဆိုတာ။

ဘာလို့ဆို..လျန်တိုင်းပြည်ရဲ့အကြီးစား..ဝရမ်းပြေးရာဇဝတ်သားကြီးဖြစ်တဲ့ ချင်မျိုးနွယ်ကိုသူမကိုယ်တိုင်..တိတ်တဆိတ် လွှတ်ပေးပြီး...ပုန်းခိုခဲ့စေတာမလား...။

ဟင်း.....ခမည်းတော်နဲ့ငါရဲ့အစ်ကိုတော်ဆိုတဲ့မျိုးမစစ်က....ဒီလောက်အကျိုးရှိတဲ့..စုန်းပညာသည်ကို..ဘာလို့သေသေချာချာဖမ်းဆီးချုပ်နှောင်မထားရတာလဲ။

No one but U, your Majesty !(Completed )Where stories live. Discover now