Part 4

2.9K 151 33
                                    

Zawgyi

'ပိုးဥ မ​တွေ့တာကြာပြီကွာ ​စော်​​တွေဘာ​တွေ​ကော ရ​နေပြီလား သားကြီး'

'နင့်​အ​မေကြီး​တော်​ကို ​​တွေ့တာနဲ့​ပြောင်​​နေလိုက်​'
သူမ ​ဘေးလွယ်​အိတ်​နှင့်​ ထို​ကဲ့သို့​ပြောင်​စပ်​စပ်​နှင့်​​ပြောလာ​သော ​သူမသူငယ်​ချင်းကို လှမ်းရိုက်​လိုက်
သည်​။သို့​သော်​ ထိုသူမှာမ​မောနိုင်​မပန်းနိုင်​စ​နေပြန်​သည်​။

'နင်​တို့နှစ်​​ယောက်​က​တွေ့တာနဲ့ သတ်​မယ်​ဆိုတာဘဲ
ငြိမ်​ငြိမ်​​လျှောက်​စမ်းပါဟာ မျက်​စိ​နောက်​လို့'

'နင်​က​ကော ဘဲပစ်​မဘဝက​နေမကျွတ်​​သေးဘူးလား ယမုံ'

'နင်​​သေပြီ ပိုးဥ အဲ့​ကောင်​ကိုမိ​အောင်​ဖမ်း ဝိုင်း​ဆော်
မယ်​'

'ခင်​​လေး နင်​ဘာရပ်​ကြည့်​​နေတာလဲ အတန်း​နောက်​ကျ​တော့မယ်​​လေ မြန်​မြန်​လာ ခင်​​ ​လေး..'နှင်းပွင့်
လန့်​သွား​သော​ကြောင့်​ အ​နောက်​သို့ဆုတ်​လိုက်​မိသည်​။သူမ မျက်​လုံးထဲတွင်​ ​ဒေါသထွက်​ခြင်း၊စိတ်​ရှုပ်​ခြင်းများစွာကို အထင်းသား​တွေ့မြင်​ရ​ပေသည်​။ထိုကဲ့သို့ ခင်​​လေး၏ပုံစံကို နှင်းပွင့်​တစ်​ခါမှမ​မြင်​ဖူး​ပေ။သူမ ကိုလှည့်​ကြည့်​လာ​သော ခင်​​လေး၏အကြည့်​များသည်​တစ်​​ယောက်​​ယောက်​ကို သတ်​​တော့မည့်​စိတ္တဇလူသတ်​သမားကဲ့သို့ပင်​။

'ငါ ဒီ​နေ့ အတန်းမတက်​ဖြစ်​​တော့ဘူး နင့်​ဘာသာဘဲ ဆက်​တက်​လိုက်​​တော့ ငါသွားပြီ'

ထိုသို့ဆိုကာ ​သူမေ​ဘးနားမှ​ခြေလှမ်းကျဲများဖြင့်
ထွက်​သွား​သော ခင်​​လေးကိုကြည့်​ကာ မတားလိုက်​မိ​ပေ။

'မဖြစ်​ဘူး အရင်​တစ်​​ခေါက်​က​တော့ကံ​ကောင်းသွား​ပေမယ့်​ ဒီတစ်​ခါလက်​လွန်​သွားရင်​ မဖြစ်​ဘူး ငါတားမှဖြစ်​မယ်​'
သူမ အတန်း​ရှေ့သို့​ရောက်​ပြီးကာမှ ပြန်​လှည့်​လာလိုက်​မိသည်​။tuto အစားထိုးပြန်​​ဖြေခွင့်​မရှိသာphilo
ချိန်​ကိုပင်​ နှင်းပွင့်​ ဂရုမစိုက်​နိုင်​ခဲ့​ပေ။

ခင်​​လေး သူမတို့​​နောက်​မှ ​တောက်​​လျှောက်​လိုက်​လာခဲ့သည်​။သူမအတွက်​ကံ​ကောင်းသည်​ဟုဆိုရမလား ထိုသူအတွက်​ဘဲ ကံဆိုးခြင်းဟုဆိုရမလား တစ်​​နေရာအ​ရောက်​တွင်​ အ​ကြောင်းတစ်​ခုခု​ကြောင့်​ မ တို့နှင့်
လမ်းခွဲသွားသည့်​ ထိုအမျိုးသား​နောက်​မှသူမ တိတ်​တိတ်​​လေး​လေး ဆက်​လိုက်​လာခဲ့မိသည်​။

PsychopathWhere stories live. Discover now