ROB 2 (zawgyi)

117 8 0
                                    


ကျွန်တော့်အမေကပန်းတွေကိုသိပ်ချစ်တယ်။ ကျွန်တော့်လည်းအမေ့ဆီက ဗီဇပါလာတယ်ထင်ပါရဲ့။

ပန်းတွေကိုသိပ်ချစ်တာပဲ။ အဖေမရှိတော့တဲ့နောက်ပိုင်းမှာ အမေက ပန်းဆိုင်တစ်ဆိုင်ဖွင့်လိုက်သည်။

အဖေဟာ ကဗျာဆရာတစ်ယောက် .. အမေ့အတွက် အဖေနောက်ဆုံးရေးပေးခဲ့တဲ့ ကဗျာက 'နွေဦးတေးကဗျာ' တဲ့။

ပန်းလေးတွေ လေညှင်းအဝှေ့မှာ ယိမ်းနွဲ့ကနေချိန်က အလှဆုံးအချိန်ပဲတဲ့...အမေကပြောဖူးသည်။

ကျွန်တော်တို့ရဲ့ ပန်းဆိုင်မှာတော့ သဘာဝလေညှင်းမတိုက်ခတ်ပေမယ့် လေညှင်းဆိုတဲ့ဆောင်ပုဒ်အောက်မှာတော့ ပန်းတွေက အကုန်လှပလတ်ဆတ်နေရမည်ဆိုတဲ့သဘောနဲ့ ဆိုင်နာမည်ကို 'လေညှင်းတေးကဗျာ' ကိုပေးခဲ့ခြင်းဖြစ်သည်။

မနက်ပိုင်းဆို ကျောင်းသွားရသည့်အတွက် ဆိုင်ကို ကျောင်းကပြန်လာချိန်မှာ အမေနှင့်အချိန်လဲပြီးထိုင်ပေးသည်။

အားတဲ့အချိန်တိုင်း ပန်းနာမည်တွေ ပန်းအမျိုးတွေ နဲ့ ပန်းတွေရဲ့အဓိပ္ပါယ်ကို လိုက်ရှာပြီးလေ့လာသည်။

တစ်ညနေ ကျွန်တော်ကျောင်းကပြန်လာပြီး ဆိုင်အတွက်ပြင်နေတုန်း ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။

ကောင်တာပေါ်မှာ ကော်ဖီခွက်တင်ပြီး ဇွန်းနဲ့မွှေနေတုန်း အပြင်ကိုကြည့်လိုက်မိတော့ မနေ့ကဆိုင်ကို ကြည့်သွားတဲ့ ကောင်လေးက ဒီနေ့လည်းကြည့်သွားပြန်သည်။

စက်ဘီးတစ်စီးနဲ့ ကျောင်းဝတ်စုံလေးဆိုတော့ ကျောင်းကပြန်လာတာဆိုတာသေချာသည်။

ဒီလိုနဲ့ နောက်နေ့တွေများ လှည့်ကြည့်ဦးမလားဆိုပြီး သူပြန်လာတတ်တဲ့အချိန်တိုင်းကိုစောင့်ပြီး ကြည့်နေတတ်သည်။

ကျွန်တော်ထင်ထားတဲ့အတိုင်းပဲ သူကနေ့တိုင်း ဆိုင်ဘက်ကိုလှည့်လှည့်ကြည့်သွားသည်။

ကျွန်တော်သူနဲ့အကြည့်ချင်းမဆုံမိအောင်နေ့တိုင်း ပန်းတွေကွယ်ရာကနေ မျက်လုံးကိုခိုးပြီးကြည့်သည်။ စောင်းပြီးကြည့်သည်။ မသိမသာကြည့်သည်။

Rhyme of Breeze (လေညှင်းတေးကဗျာ)(BKPP)Where stories live. Discover now