11

1.8K 140 8
                                    

Unicode

ရိပေါ်တို့ အိမ်ရောက်တော့ ကျဲကျဲက CEO ရဲ့ လက်ကိုတွဲကာ...
ပါး မားတို့နဲ့ မိတ်ဆက်ပေးသည်...

ရိပေါ်ကိုလည်း မိတ်ဆက်ပေးတော့ CEO က ရိပေါ်က သူ့အတွင်းရေးမှူးဟု ပြောပြသည်....

ကျဲက အံ့သြတကြီးဖြစ်သွားကာ.. ပြီးမှ တဘောတကျရယ်ပြီး...

"ကို.... အားဝမ်က ဆိုးတယ်မလား... တအိမ်လုံးရဲ့ အချစ်တုံးမို့လို့...နည်းနည်း ကလေးဆန်တယ်..."

ကျဲက CEO ကိုပြောရင်း ရိပေါ်ပါးကိုလည်း ဖျစ်လိုက်သည်...

ရိပေါ်က နာသွားတဲ့ပါးလေးကို လက်နဲ့ပွတ်လိုက်ပြီး ရိပေါ်ကို ကလေးဆန်သည်ဟုပြောတဲ့ ကျဲကို မျက်စောင်းထိုးကာ...အိမ်ပေါ်သို့ တက်သွားလိုက်သည်...

ပါးနဲ့ မားကတော့ ရိပေါ်ရဲ့ လုပ်ရပ်ကို သဘောကျသလို တဟားဟား ရယ်ပြီး..

ရှောင်းကျန့်လည်း ရိပေါ်ရဲ့ အပြုအမူလေးကို မျက်တောင်မခတ်တန်းငေးမော ​ နေမိသည်....

"အဲ့ဒါသာကြည့်တော့ သားကျန့်ရေ... အားဝမ်လေးက အဲ့တိုင်းပဲ ကလေးစိတ်... သားကျန့် စိတ်ထဲမထားပါနဲ့..."

ဝမ်ပါးရဲ့ အပြောကြောင့် ရှောင်းကျန့်က

"အာ...ရပါတယ်... ဒါနဲ့ ရိအာနဲ့ ရိပေါ်က ရုပ်အရမ်းတူတယ်နော်...."

"အင်းဟုတ်တယ်...ကိုရဲ့... ရိအာတို့ကို အမွှာလို့ထင်ကြတာ....... အရင်ကဆို ရိပေါ်လေးကို ရိအာထင်လို့ စာတွေလိုက်ပေးကြလို့ အမြဲ ကျောင်းက ငိုပြီး ပြန်လာတတ်တာ..."

ရှောင်းကျန့် ရိအာ စကားကြောင့် စိတ်ထဲ ဘယ်လို မှန်းမသိတဲ့ ခံစားချက်မျိုး ဖြစ်သွားသည်...
တစုံတခုက မှားယွင်းနေသလို ခံစားချက်ကြီး ဖြစ်သွားရသည်....

ခဏကြာတော့ ရိပေါ်က အိမ်နေရင်း အဝတ်အစားနဲ့ ပြန်ဆင်းလာကာ..
ဝမ်ပါးနားကို သွားထိုင်ပြီး ဝမ်ပါးရဲ့ ပုခုံးပေါ် ခေါင်းတင်ထားလိုက်သည်.....

ဝမ်မားက စိတ်ပူသလို လှည့်ကြည့်ကာ..

"အားဝမ်... နေမကောင်းဘူးလား... မျက်နှာလည်း မကောင်းဘူး..မျက်လုံးက လည်း ရဲနေတာပဲ...."

လွဲမှားခဲ့သော.... (Unicode and Zawgyi)Where stories live. Discover now