1

3.8K 170 6
                                    

Unicode

တွေ့ဆုံခြင်း......

Korea နိုင်ငံရဲ့ လေယာဥ်ကွင်းတွင် အလွန် Smart ကျသော အမျိုး သားတဦး ရေးကြီးသုတ်ပြာနှင့် ပြေးလွှားနေသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Korea နိုင်ငံရဲ့ လေယာဥ်ကွင်းတွင် အလွန် Smart ကျသော အမျိုး သားတဦး ရေးကြီးသုတ်ပြာနှင့် ပြေးလွှားနေသည်.....
ထိုစဥ်..
"အင့်..."
"ဟာ..sorry...  ကိုယ် နောက်ကျနေပြီ မို့.... "
ပြောရင်း တချက်ပဲ လှည့်ကြည့်ကာ ပြေးထွက်သွားသော Long Coat အနက်ရောင်နှင့် လူတဦး..
ရိပေါ် တယောက် ပျံ့ကြဲသွားသော ပစ္စည်း များကို ကောက်ကာ...ဆူပုတ်နေမိသည်...
"ကျစ်..ဝင်လဲ တိုက်သေးတယ်... Sorry တခွန်းပဲပြောပြီး ပြေးသွားတယ်.."
ပြောလည်းပြော ပုခုံးမှ လျှောကျနေသော ကျောပိုးအိတ်ကို ပြန်တင်.. ကောက်ထားသော ပစ္စည်းများကို လက်တွင် ပိုက်ထားကာ..ဆူပုတ်နေသည်...
ရှောင်းကျန့် တယောက် ပြေးလွှားနေရင်းမှ တိုက်မိသွားသော သူအား
ပြန်လှည့်ကြည့်တော့ ဦးထုပ်နောက်ပြန် ဆောင်းထားကာ..ရွှေအိုရောင် ဆံနွယ်လေးတွေကုတ်ထောက်ရုံလေးနဲ့
ဆူပုတ်နေသော ကလေး တယောက်.....
'ချစ်စရာလေး....'

ရှေ့သို့ ပြန်လှည့်ကာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှေ့သို့ ပြန်လှည့်ကာ...လေယာဥ် Check in ဝင်ရမယ့်နေရာသို့ ပြန်ပြီး ပြေးသွားခဲ့သည်.....
တဘက်ခါမနက်မှာ America နိုင်ငံတွင် လုပ်ငန်း ပိုင်းဆိုင်ရာ လူကြီးတဦးနှင့် တွေ့ရန် ချိန်းထားသည်...
Korea တွင်လည်း အလုပ်ကိစ္စပြောနေရင်း အနည်းငယ်ကြာသွားသော
ကြောင့် လေယာဥ်ချိန် နောက်ကျသ
ဖြင့် ပြေးလွှားနေရသည်....
ပုံမှန်ဆို ရှောင်းကျန့်က ထိုသို့ မဟုတ်ပါ... အလုပ်တွင်သာ တိကျပြတ်သား သော်လည်း လူမှုရေးနားလည်ကာ..
အပြုံးချိုချိုလေးဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ Ideal Type ဖြစ်သည်....
လေယာဥ်ပေါ်ရောက်သည်နှင့် အစည်းအဝေးနှင့်ဆိုင်သော စာရွက်စာတမ်း များကို ထုတ်ကာ စစ်ဆေး နေသည်..... စာရွက်များကို ကြည့်နေရင်း မျက်လုံးထဲမြင်
ယောင်လာသည်က  ဆူပုတ်လေး....
ရှောင်းကျန့် ကိုယ့်ကိုယ် အံ့သြသွားသည်..... ချစ်သူရည်းစား လုံးဝမထားဘဲ အလုပ်ကိုသာကြိုးစားလုပ်ကိုင်ပြီး X' GP ကို China တွင် Top 5 နေရာ ရောက်အောင် ​လုပ်တဲ့ လူပျိုကြီးက ကလေးတယောက်ကို စိတ်ထဲ မြင်ယောင်နေတာက ရှောင်းကျန့် မပီသသလိုပင်......
ရှောင်းကျန့် တချက်ပြုံးလိုက်ကာ... ခေါင်းကို ခါယမ်းလိုက်သည်...
ပြီးတော့ စာရွက်များကို စစ်ဆေးပြီး သိမ်းကာ...မျက်လုံးမှိတ်လိုက်သည်...
...............

လွဲမှားခဲ့သော.... (Unicode and Zawgyi)Where stories live. Discover now