10

148 17 5
                                    

ပြတင်းပေါက်ကို လာစင်တဲ့မိုး​ရေစက်​​တွေကို ကျွန်​တော်​အချိန်တော်​တော်ကြာ​ငေး​​နေမိတယ် ဘာလိုလိုနဲ့ ကျွန်​တော်လက်ထပ်ပြီးတာ တစ်လ​တောင်​ကျော်လာခဲ့ပြီ အိမ်​​ထောင်​ရေးက​တော့ အဆင်​ပြေတယ်လည်း မဟုတ်သလို အဆင်မ​ပြေဖူးလို့လည်း​ပြောလို့မရပါဖူး သူက​တော့ ကျွန်​တော့်ကိုတွေ့တာနဲ့ စကား​တွေ​ဖောင်ဖွဲ့ပြီး​ပြောပြတက်​ပေမယ့် ကျွန်တော့်ဘက်က​တော့ နား​​​​ထောင်ချင်ရင်လည်း နား​​ထောင်တယ် နားမ​ထောင်ချင်ရင်လည်း ထွက်သွား​ပေမယ့် သူ့ဘက်က အတင်းအကြပ်တားဆီးတာ​တွေ​တော့မရှိပါဖူး များ​သောအားဖြင့်က​တော့ သူ့ကိုမြင်တာနဲ့ ကိုယ့်အခန်းထဲကိုယ်ဝင်​နေပြီး Lock ချထားတာကများပါတယ်

တချို့​သော ကိစ္စ​တွေဖြစ်ပြီး​​နောက်ပိုင်း ကျွန်တော်သူ့ကိုအတက်နိုင်ဆုံး ဝေး​ဝေးမှာပဲ​နေခိုင်းခဲ့တယ် သူ့ဘက်ကလည်း *က​လေးစိတ်ချမ်းသာမယ်ဆိုရင် ကိုယ်လက်ခံ​ပေးပါမယ်*တဲ့ အမှန်အတိုင်း​ပြောရမယ်ဆိုရင် အခုအချိန်ထိ ကျွန်​​တော်က ယောကျ်ား ၁ ယောက်ကို လက်ထပ်ထားပြီးသား​ဆိုတာ ကိုယ့်ကိုကိုယ်​တောင် မယုံကြည်နိုင်​သေးဖူး  ဖိုးလမင်းကိုလိုချင်လို့ က​လေးဘဝတုန်းက ဆု​တောင်းခဲ့သလိုမျိုး အခုလည်းအရာရာကို သူနဲ့မ​တွေ့ခင်အချိန်ကာလကိုပြန်​ရောက်သွားပါ​စေလို့ ညတိုင်းဆု​တောင်း​နေမိတုန်းပါပဲ
🍁💙💚🍁

ဒီ​နေ့​တော့ မနက်စာကိုပုံမှန်အတိုင်း အခန်းတံခါးပိတ်ပြီးမစားချင်တာ​ကြောင့် အ​ခြေအ​နေကို​​လေ့လာပြီးမှ အိမ်​အောက်ထပ်ကိုဆင်းလာခဲ့မိတယ် နှစ်ထပ်အိမ်ကို ကြီးကျယ်ခမ်းနားစွာပြင်ဆင်​ဆောက်လုပ်ထား​ပေမယ့် ကျွန်တော်က​တော့ သ​ဘောမကြပါဖူး အမြဲတမ်း တိတ်ဆိတ်​​ခြောက်ကပ်​နေတာက အထီးကျန်မှုကို မီးစာထိုး​ပေး​နေသလိုပဲ .. ဟူး...

ထမင်းစားခန်းထဲမဝင်ခင် ဟိုလူကြီးအထဲမှာရှိလား ၊မရှိလား ချောင်းကြည့်လိုက်​တော့ ပြောင်​နေ​အောင်သုတ်ထားတဲ့ စားပွဲကလွဲရင် လူတစ်ဦးတစ်​ယောက်​တောင်ရှိမ​နေပါဖူး ပျင်းစရာ​ကောင်းလိုက်တာ

' အကို​လေး Plan ဘာခိုင်းစရာရှိလို့လဲ '

' အမ​လေး '
အ​ရှေ့ကိုပဲ အာရုံ​ရောက်​နေချိန်မှာဘယ်​နေရာကမှန်းမသိထွက်လာတဲ့ အိမ်အကူ​အစ်မတစ်​ယောက် ! လိပ်ပြာ​တောင် လွင့်သွားသလား အောက်​မေ့ရတယ်

U R Mine < unicode & zawgyi > Completed Where stories live. Discover now