13

127 15 7
                                    

Unicode

ခွဲစိတ်ခန်းရှေ့မှာ ခေါက်တုံ့​ခေါက်ပြန်​လျှောက်ရင်းနဲ့ ပါးစပ်ကလည်း ရသမျှ
ဘုရားစာ​တွေကို ရွတ်​နေမိတာ အခုဆိုရင် တစ်နာရီ​လောက်ပင်ရှိ​တော့မယ်
Dr. က​တော့ * ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပြီး ကု​ပေးသွားမယ် * ပြော​ပေမယ့် ရင်ထဲမှာ မီး​​တောင်ကြီး တစ်ခု​ပေါက်ကွဲသလို ပူ​လောင်​နေမိတာ
သူ တစ်ခုခု ဖြစ်သွားရင်ဆိုတဲ့ အ​တွေးကလည်း ကျွန်တော့်ကို တော်​တော်ပင် နှိပ်စက်နိုင်လွန်းလှပါသည် ဆေးရုံကို စ​ရောက်ထဲက မတ်တပ်ရပ်​နေရလို့ ခြေ​ထောက်​တွေက နည်းနည်းနာ​ပေမယ့်လည်း ကျွန်​တော့်မှာ သူခွဲခန်းထဲက မထွက်လာမခြင်း မထိုင်နိုင်​သေးပါ

တကယ်ဆို ကျွန်တော် သူ့ကို အခုလိုစိတ်ပူ​မ​နေပဲ သူအခုလိုဖြစ်တာကို ဝမ်းသာ​နေသင့်တာ သူက ကျွန်တော့်ကို အတင်းအကြပ်လက်ထပ်ခဲ့တဲ့သူ၊ ကျွန်​တော်ရဲ့ အလုပ်ကိုလည်း ဖျက်ဆီးခဲ့တဲ့သူ ၊ ကျွန်တော့်ရဲ့ ပထမဆုံး​သော အနမ်း၊ ခန္ဓာကိုယ်တွေကို အတင်းရယူသွားတဲ့ သူ၊နောက်ပြီး ကျွန်​​​တော် သိပ်မုန်းခဲ့တဲ့ သူ.. ဒါ​ပေမယ့် အခု ကျွန်​တော်သူ့ကိုစိတ်ပူ​နေမိတယ်

ဘာလို့လဲ ? ကျွန်​တော် ဘယ်လောက်ပဲ ဥ​ပေက္ခာပြုပြု သူကအမြဲသည်းခံ​ပေးခဲ့လို့လား ? သူ့ရဲ့ က​လေးဘဝအ​ကြောင်းကိုကြားလိုက်ရလို့ သနားမိသွားတာလား ? အခုတ​လော သူ့ကိုမ​တွေ့ရရင် စိတ်ထဲကလိုက်ရှာ​နေမိတယ် ၊ သူအနား
မှာရှိ​နေ​တော့လည်း မျက်နှာပဲ သလိုလို ၊ ရှက်သလိုလိုနဲ့ .. မဖြစ်နိုင်တာ ကျွန်တော်သူ့ကိုချစ်​နေမိပြီလား?

' Plan! '

အ​တွေး​တွေထဲ နစ်​မြော​နေတုန်းအ​ဝေးကလှမ်း​ခေါ်သံကြားလိုက်လို့ ကြည့်မိ​တော့ အကို Saint နဲ့ အကို Mark . သူ့အ​​ကြောင်းကို သိပြီး​ဆေးရုံကိုလိုက်လာကြတယ်ထင်ပါတယ်.

' Mean အ​ခြေအ​နေ ဘယ်လိုရှိလဲ '

' ကျွန်တော်လည်း သေချာမသိ​သေးဖူး Dr. တွေက​တော့ ခွဲခန်းထဲကပြန်မထွက်လာ​သေးဖူး '

' ကျစ်! ငါထင်တယ် ဒီလို​တွေဖြစ်​တော့မယ်ဆိုတာကို အဲ့တာ​တွေ​ကြောင့် ငါသူ့ကိုမ​ပြောချင်တာ အခု​တော့ ငါ့ကြောင့်.. '

U R Mine < unicode & zawgyi > Completed Where stories live. Discover now