ဇာတ်သိမ်းပိုင်း

3K 325 20
                                    

[Zawgyi ]

ခပ်သွက်သွက်လျှောက်လာတဲ့ ခြေလှမ်းတွေကအဆောင်တော်ထဲရောက်တော့ စိတ်လှုပ်ရှားမှုနဲ့အတူ ရပ်တန့်သွားတယ်။

"ဂျောင်ကု ! "

"ကိုကို .."

ဂျောင်ကုက ဂျီမင်းကို အားရပါးရပြေးဖက်လိုက်တယ် ။ ဂျီမင်းကလည်း ကောင်လေးကိုပြန်ဖက်ထားပါတယ် ။

"ကိုကို ! မင်းပြန်လာတယ်နော် မင်းငါ့ဆီပြန်လာတယ်နော်"

"ကိုကို တောင်းပန်ပါတယ် ဂျောင်ကု ! ကိုကိုမင်းကိုမမုန်းခဲ့ပါဘူး"

စိုစွတ်လာတဲ့ ပုခုံးကြောင့် ဂျောင်ကု ဂျီမင်းကိုဖက်ထားရာကခွာလိုက်တယ် ။ မျက်ရည်တွေကျလို့ ငိုနေတဲ့ဂျီမင်းကြောင့် ဂျောင်ကုက ပြာယာခက်လေပြီ ။

"မငိုပါနဲ့ ကိုကိုရယ် ကိုကို့အမှားမဟုတ်ပါဘူး"

"မင်း ဘယ်တွေရောက်နေခဲ့တာလဲ ဂျောင်ကုရဲ့"

ကိုကိုကပြောရင်း အော်ငိုလေတော့ ဂျောင်ကုမှာ ဘာလုပ်လို့လုပ်ရမှန်းမသိ။ပိုလို့ငိုလာတဲ့ ကိုကိုကြောင့် ဂျောင်ကုကြံရာမရတဲ့အဆုံး ကိုကို့နှုတ်ခမ်းလေးကိုပိတ်နမ်းလိုက်တယ် ။

"အွန့် .."

အသံတိတ်သွားတဲ့ ကိုကိုက ဂျောင်ကုရဲ့အနမ်းထဲက ရုန်းမထွက်နိုင်ဘူး ။ တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်လာတဲ့ ဂျောင်ကုရဲ့လျှာဖျားကြောင့် ကိုကိုက ဒူးတွေတောင်ပျော့ခွေလာတယ် ။ လဲကျတော့မယ့်ကိုကို့ကို ဂျောင်ကုက ခါးကနေလှမ်းထိန်းထားလိုက်တယ် ။

ဂျောင်ကု လွှတ်ပေးလိုက်တော့ ကိုကိုက သူ့ရင်ခွင်ထဲမှာပြိုလဲလို့ အသက်ကိုလုရှူနေတယ် ။ ကိုကိုရဲ့အသွေးအသားနဲ့ဝေးကွာခဲ့တာလည်းကြာပြီမို့ ဂျောင်ကုက စိတ်ကိုမနည်းထိန်းနေရတယ်။ လွှတ်ချလိုက်ရင် ဂျောင်ကုကြောင့် ကိုကိုတော့တစ်စစီဖြစ်သွားမှာ ။

"ကိုကို !"

"မင်းဘယ်တွေရောက်နေတာလဲ ဂျောင်ကု"

ကိုကိုက သူ့ကိုမော့ကြည့်ပြီးမေးလာတာမို့ ဂျောင်ကုသက်ပြင်းတစ်ချက်ချလိုက်တယ် ။

You've reached the end of published parts.

⏰ Last updated: Apr 30, 2021 ⏰

Add this story to your Library to get notified about new parts!

လရောင်လွှမ်းသောအနမ်း [Complete]Where stories live. Discover now