အပိုင်း ၃

1K 117 3
                                    

Unicode

I Think I Wanna Marry You
[ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]

          " မှာထားတာတွေ ရပါပြီ ခင်ဗျ !! "

          မုန့်ကောက်စားတာ လူမိသွားကတည်းက ပြန်မတွေ့ချင်လောက်အောင် ရှက်နေပါတယ်ဆို ဆိုင်မှာမှ ထပ်တွေ့ရတယ်လို့ ။ ပြီးတော့ သူ ခဏပဲ ဝင်လုပ်တဲ့ အချိန်ရောက်မှလေ ။
    
      ဦးလေးကြီး နဲ့ ကံမပါချင်ဘူး သိရဲ့လား ။ အဲ့ကံကိုသာ ရောင်းစားလို့ ရရင် ရောင်းစားပစ်ချင်တယ် ပိုက်ဆံလည်းရ ဂိမ်းစက်လည်း ရ ...။

       သူ့အတွေးနဲ့သူ မှာထားသည့် ဟင်းတွေကို ဗန်းတစ်ခုဖြင့် သယ်လာပြီး စားပွဲပေါ် ချဖို့ လုပ်နေလေသည် ။

        ဘာလို့ ကြည့်နေတာလဲ !!? ကိုယ့်ဟာကို နေပါလား ဦးလေးကြီးရယ် ...။

        မျက်တောင်တောင် ခတ်ရဲ့လားမသိ သူ့ကိုပဲ စိုက်ကြည့်နေသည့် Mark ကြောင့် နေရခက်လာတာနဲ့ ဗန်းထဲက ဟင်းခွက်တွေကိုသာ စားပွဲပေါ် ဖြစ်သလို အမြန်ချလိုက်သည် ။

          အ  ..ပူတယ်ဟ ။

        အငွေ့တထောင်းထောင်းနှင့် ပူလောင်နေသည့်ဟင်းရည်ခွက်ကို ကိုင်နိုင်ဖို့ ထိုကလေး၏ လက်တွေက နုလွန်းနေ၏ ။ သိပ်ကြာကြာမကိုင်ထားပဲ စားပွဲပေါ်သို့ အမြန်ချလိုက်တော့ အနည်းငယ် ဖိတ်စင်ကျသွားသည် ။

       " ဟင်းရည် ဖိတ်ကျသွားတာပဲ...ဒီစာရွက် က အရေးကြီးတာလား !? "

       " ဟင် ဘယ်ဟာ !? ...wait ..နေအုံးး မဆွဲပစ်နဲ့ "

       *** ဗြိ *** 

       Mark တားသော်လည်း အချိန်မမှီလိုက်ပါ ။  ဟင်းရည်ဖိတ်ကျပြီး စိုသွားသည့် ပန်းကန်အောက်က စာချုပ်လေးကို လက်သွက်သည့် Donghyuck လေးက ပန်းကန်ကို မဖယ်ပဲ ဆွဲယူလိုက်မှုကြောင့် ဗြိခနဲ ပြဲသွား၏ ။ နှစ်ပိုင်းပြဲသွားတာမျိုး မဟုတ်ပေမယ့် ကံမကောင်းချင်တော့ လက်မှတ်ထိုးထားသည့် နေရာတည့်တည့်ကိုမှ  ဟင်းရည်တွေစိုပြီး ပြဲသွားတာမျိုး ဖြစ်နေသည် ။

         အမှုမဲ့ အမှုတ်မဲ့ ထားတဲ့ ဦးလေးကြီး နဲ့ နမော်နမဲ့ လုပ်တက်တဲ့ ကောင်လေး တွေ့ကြပြီပေါ့ ။ ရိုးရိုးတွေ့တာ မဟုတ်ဘူးနော် သိန်းထောင်ကျော်တန်တဲ့ အိမ်ခြံမြေကြီး ပလုံပြီး ရှယ်ပလန်နဲ့ တွေ့တာ ။

I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]Where stories live. Discover now