Unicode
Hi DoCheng ပါ 💚
ဒိုချန်းရဲ့ ဒုတိယမြောက် fic လေးက ရက်ပေါင်း ၈၇ ရက် အကြာမှာ ပြီးဆုံးခဲ့ပြီပေါ့ ။ ITIWMY လေးက
ပေါ့ပေါ့ပါးပါးမို့ စာဖတ်သူတို့ ရင်ထဲ သိပ်မထိနိုင်ပေမယ့် ဖတ်နေရင်း ပြုံးပျော်နေရတယ် ဆိုရင်ပဲ ကျေနပ်ပါပြီ ။ပြီးတော့ အပိုင်း ၁၉ လောက်ကနေစလို့ အရေးအသား စုတ်ပဲ့သွားတယ်လို့ ထင်ပါတယ် ၊ စာလုံးပေါင်း မှားတာတွေရော အများကြီး ရှိတာမို့ အဲ့တာလေးတွေ နားလည်ပေးပါအုံးနော် ။
ITIWMY နဲ့ ပတ်သက်ပြီး ဒိုချန်းရဲ့အမှတ်တရလေး
ကို ပြောပြခဲ့အုံးမယ် ဟီးး ။ အင်တာနက်တွေ ဖြတ်တုန်းက အအေးဆိုင်မှာ wifi သွားသုံးရတာလေ ၊ အဲ့တုန်းက တစ်ခါတည်း ၈ ပိုင်း တင်ခဲ့တာ ၊ အိမ်ရောက်တော့ လူက ဂဏှာမငြိမ်ဘူး ။ အခုမှ Published ခဲ့တာဆိုတော့ feedback တွေ ဘယ်လိုပေးထားလဲ တအား သိချင်တာ ။ အဲ့တာ ပန်းကန်ဆေးရင်းနဲ့ တစ်ယောက်တည်း ပြုံးပြုံးကြီး လုပ်နေတာပေါ့ ၊ အမေက လှမ်းကြည့်ပြီး * မျက်နှာက ဘာဖြစ်နေတာလဲ* လို့ အမေးခံလိုက်ရတယ် 😂 အမေက ရည်းစားတွေ ဘာတွေ ရနေပြီ ထင်လို့တဲ့ ။ ပြောရရင် ITIWMY က ဒိုချန်း ရေးထားသမျှထဲမှာ အချစ်ရဆုံးလေးပါပဲ ။အဲ့တာကြောင့် ဒိုချန်းရဲ့ အချစ်ရဆုံးလေးကို ဖတ်ပေးတဲ့ သူ ၊ vote ပေးတဲ့ သူ ၊ comment ပေးတဲ့ သူလေးတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။ ဒါလေးကို ရေးနေရင်းနဲ့ စိတ်ဓါတ်ကျသွားတဲ့ အချိန်တွေမှာ *ဒိုချန်း ဆက်ရေးပေးပါ* လို့ အားပေးခဲ့လို့လည်း တကယ် ကျေးဇူးပါ ။
ဆိုတော့ ဒီလောက်ပါပဲ အားလုံးပဲ တာ့တာ...။ နှုတ်ဆက်ပါတယ် 💚 ။
______________________________________________
Zawgyi
Hi DoCheng ပါ 💚
______________________________________________
YOU ARE READING
I Think I Wanna Marry You [ ဦးရဲ့ အချိန်ပိုင်းချစ်သူလေး ]
Fanfiction💚MarkHyuck [ Unicode + Zawgyi ] ☑ Completed