Episode 7

1.9K 142 1
                                    

မနက်နေရောင်ခြည်က ပြတင်းပေါက်မှန်လေးကို ကျော်ပြီး jennie ရဲ့မျက်နှာပေါ်ကိုဖြာကျနေတော့

တစ်ခုခုမျက်လုံးစူးသလိုခံစားရပြီး နိုးထခြင်းအဖြစ်သို့ရောက်လေသည်။

  နိုးနိုးချင်းအခန်းပြင်ထွက်လာတော့  ဆိုဖာထက်တွင် ခွေခွေကလေးအိပ်နေသော သူမရဲ့ချစ်သူအသစ်စက်စက်လေးကိုတွေ့တော့ မျက်နှာကအလိုလိုပြုံးသွားပြီး

Lisaနံဘေး ဆိုဖာအောက်တွင်ဝင်ထိုင်ကာ ချစ်သူအားတစိမ့်စိမ့်ကြည့် ။ ၊ပါးထက်တွင်ဖြာကျနေသောဆံပင်များကို သိမ်းပြီး ၊ပါးဖောင်းဖောင်းလေးအား သူမလက်ညိုးဖြင့်တို့ထိကာ တခစ်ခစ်ရယ်ရင်းကစားနေလေသည်။

အား .......  သေချာတာကတော့ သူမ  Lisaရင်ခွင်ထဲရောက်သွားလေပြီ။

jennieကစားလိုက်လို့ပဲနိုးသွားတာလား၊ အစောကြီးကတည်းက
ပဲအိပ်ပျော်ချင်ယောင်ဆောင်နေတာလား ဆိုတာကတော့ ကာယကံရှင် ကိုယ်တိုင်ပဲသိပါလိမ့်မယ်။

Jennie ကို ရင်ခွင်ထဲဇတ်ကနဲဆွဲသွင်းပြီး ပြုံးပြုကြီးကြည့်နေတာကြောင့် Jennieမှာအကြီးအကျယ်ထိန့်လန့်သွားလေသည်။

"ခုနက ဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ရပါဘူး"

"သေချာလို့လား"

"လွတ်ပေး၊ မြန်မြန်"

"Morning kiss ပေးမှ လွှတ်ပေးမယ်"

Lisaရဲ့နဂိုတည်းက ထူထဲသယောင်ရှိတဲ့ နှုတ်ခမ်းလေးကို ထပ်ပြီးထော်ပေးလိုက်တယ်။

"မပေးဘူဆိုရင်ရော"

"မပေးဘူးလား ရတယ်လေ "
   ပိုပြီးတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး မျက်နှာကတော့ အောင်နိုင်သူအပြုံးနဲ့ပေါ့။

Jennie လည်း ထိုအခြေအနေမှ လွတ်မြေက်နိုင်ရန် နည်းလမ်းတစ်ခုသာရှိတော့တာကြောင့်

Lisaနှုတ်ခမ်းအား 😘 ၊ ရပြီ လွတ်တော့။

ထိုအခါမှ Lisaလည်းကျေနပ်သွားပြီး Jennieကိုလွှတ်ပေးလိုက်လေသည်။

လွတ်လွတ်ချင်း သူမအရင်ဆုံး ဦးတည်သွားတဲ့နေရာကတော့ ရေချိုးခန်းကိုပေါ့။  ဘာလဲဟ  အေးသယောင်ယာင်နဲ့ လူဆိုးမကြီး 😐😐

အဆုံးမဲ့ (JENLISA)[Complete]Where stories live. Discover now