America ကိုသွားတော့ Tae ပါလိုက်ခဲ့ရသည်...3 ညအိပ် 4 ရက်ပဲကြာမှာမလို့  အထုတ်ကတော့အကြီးကြီးမဟုတ်..ဒါတောင်လေယာဉ်ကို Jungkook နဲ့အတူစီးလို့မရပေ...Jungkook နောက်လိုက်နေတဲ့ ပါပါရာဇီတွေကြောင့် Tae ကိုဘယ်လိုမှ အတူခေါ်သွားလို့မဖြစ်တာကြောင့်ရယ်ပါ...
                              Tae စီးရမယ့် လေယျာဉ်ကိုစောင့်နေရင်း တစ်ယောက်ထဲသွားရမယ့်ခရီးကိုပျော်နေမိသည်...Jungkook ကတော့ America ရောက်နေလောက်ပြီ..Tae ဟိုရောက်တာနဲ့ Jungkook ရဲ့ Manager Hyg က လာကြိုမှာမလို့ ဘာမှမပူရပေ..
                              Jungkook ရောက်တာနဲ့ ခနနားရင်း ညနေ 6 နာရီ လေယျာဉ်နဲ့ပါလာမယ့် ကောင်လေးကိုကြိုဖို့ Hyg ကိုအတန်တန်မှာရသည်...ဟိုမှာကတည်းက လေယျာဉ်တစ်စီးတည်းဖြတ်မယ်လို့ပြောတာကို Hyg က စိုးရိမ်ကာ ကောင်လေးကိုကျ ညနေမှဆိုက်မယ့်လေယျာဉ်နဲ့လိုက်လာခိုင်းသည်...
                              သွားကာနီးမှ Jungkook သိရတာကြောင့် ဒေါသထွက်မိပေမယ့် သူကကိုယ့်အစ်ကိုမလား ကိုယ်ကောင်းဖို့လုပ်ပေးတာပဲဆိုတဲ့အသိနဲ့ဘာမှမပြောမိအောင်ထိန်းနေရသည်..Hyg က သူတာဝန်ယူပါ့မယ် Hotel ထိအန္တရာယ်ကင်းကင်းရောက်လာအောင်ကိုယ်တိုင်ကြိုပါ့မယ်ပြောလာခဲ့သည်....
                              Jungkook က မနက်ကရင်း လေယျာဉ်ဆိုက်တာကြောင့် အေးဆေးနားခွင့်ရသည် မနက်ဖြန်မှ Stage ကိုသွားကြည့်ရမှာဖြစ်တာကြောင့် Hotel မှာပဲ အေးဆေးနားနေမိသည်...
                              Eunhan Jungkook ကောင်လေးကိုသွားကြိုရင်း အဲလေ Tae ကိုသွားကြိုရင်း ph ဝင်လာတာမလို့ ကိုင်လိုက်တော့ ..PD က ph ဆက်လာကာ ခနနေအရေးကြီးလူတစ်ယောက်ကတွေ့ဖို့ခေါ်ရင်သွားလိုက်လို့သာပြောလာခဲ့သည်...
                              PD နဲ့ပြောပြီးပြီးချင်း ph ဝင်လာခဲ့သည်... Concert အတွက် Share အကြီးဆုံးထည့်ထားတဲ့ သူဌေးက ချိန်းတာမလို့ ငြင်းမရပဲ လေယျာဉ်ကွင်းမသွားဘဲ ပြန်လာခဲ့လိုက်သည်...လေယျာဉ်ဆိုက်ဖို့ တစ်နာရီတောင်လိုသေးတာကြောင့် Eunhan မငြင်းမိပေ..ငြင်းလို့လည်းမကောင်းဘူးမလား...
                              Tae လေယျာဉ်ကွင်းထဲရောက်ရောက်ချင်း Jungkook Manager Hyg ကိုရှာမိသည်...သူလာကြိုမယ်လို့ပြောထားတာမလား....Tae အခုမှ ပထမဆုံးရောက်ဖူးတာမလို့ ဘာမှမသိ Eng စကားလည်းမပြောတတ်တာကြောင့် ထိုင်ခုံလေးမှာပဲ ထိုင်စောင့်နေမိသည်...
                                      
                                   
                                              CZYTASZ
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
 
                                               
                                                  