episode 1 uni

1.3K 46 4
                                    

တစ်ခါက သုဝဏ္ဏဘုမ္မိ(part 1)
====================

ပုဂံမှာ အနော်ရထာ သထုံမှာ မနူဟာ ဟု ခေတ်ပြိုင်ကျော်ဇောသောကာလမှစ ကြီးကျယ်မြင့်မြတ် ခမ်းနားခဲ့သော သုဝဏ္ဏဘူမိ မင်းနေပြည်တော်ရယ်ပါ။ အဓိပ္ပါယ်က ရွှေမြေဖြစ်၏။ သုဝဏ္ဏမြို့တော် တည်ထားပုံမှာ တောင်ပေါ်တစ်ဝက် တောင်အောက်လွင်ပြင်တစ်ဝက်။

ဘဝရှင်မနူဟာမင်းတရားကြီး အရိမဒ္ဒနပူရတွင် နတ်ရွာစံကံကုန်သွားသော်လည်း နန္ဒသူရမင်းလက်ထပ် သုဝဏ္ဏဘူမိကတော့ ကြက်ပျံမကျ စည်းကားလျက်သာပင်..။

သက်တော် ၃၀မျှသာရှိသော်လည်း မင်းတရားကြီး၏ ဘုန်းတန်ခိုးအာဏာက ကြီးကျယ်စွာ တန်ခိုးထွားလေသည်။ ၃၂စီးသော ဆင်ဖြူတော်ကို စစ်ရှုံး၍ အရိမဒ္ဒနပူရသို့ သယ်ဆောင်သွားသော်လည်း....အနော်ရထာမင်းစော၏ စေတနာတော်ဖြင့် ၅စီးပြန်လည်ရရှိထားပါ၏။ ထို့အတွက်ကြောင့်လဲ သုဝဏ္ဏဘူမိသည် မိုးလေရာသီဥတုက သာယာမြဲဖြင့် စိုက်ပျိုးရေးကောင်းမွန်လှပေသည်။

နန္ဒသူရမင်းတရားကြီးသည် စစ်သူကြီး သုဒဿနအပေါ် ရွှေစိတ်တော်ညှိုးနေသော အချိန်အခါဖြစ်ပါသည်။

စိတ်အတွင်းသဏ္ဏာန်၌ မာန်ဟုန်ပြင်းပြင်း ဒေါသထန်နေပါစေ ပြင်ပသွင်ပြင်မှာမူ ဧကရာဇ်ပီပီ တည်ကြည်စွာ ရှိနေရပေသည်။

ဒေါသဓာတ်ခံကြောင့် တစ်ရံတစ်ခါ ကာယအိနြေ္ဒပျက်ယွင်းတတ်သော်လည်း အပါးတော်မြဲ မှူးကြီးမတ်ရာတို့၏ ဖေးမကူညီပေးမှုဖြင့် နန်းတွင်းသူ နန်းတွင်းသားတို့က အထင်မကဲပဲ ရှိနေလေ၏။

ရှင်းရှင်းဆိုရပါမူ မင်းတရားကြီးမှ ငယ်စဉ်ကတည်းက အားကိုးယုံကြည် ချစ်မြတ်နိုးမှုကို အခွင့်ကောင်းယူကာ သုဒဿနက အမတ်မင်းဥတ္တရနှင့် ပူးပေါင်းကာ ပုန်ကန်တော်လှန် ထီးနန်းလုရန် ကြံစည်နေခြင်းကြောင့်ဖြစ်ပါသည်။

အချစ်ကြီးက မြတ်မာန်ကြီး၏ထင်ပ။ အကျွန်ုပ်သည် ချစ်လှစွာသော နောင်တော်သုဒဿနအပေါ် မြတ်မာန်ထန်တိုင်း နန်းလေသာပြတင်းမှ အရှေ့မြောက်ဘက်ရှိ မြသပိတ်တောင်ကို ရှူကြည့်ရင်း မာန်ဟုန်ဖြေလျော့တတ်ပေသည်။ ယင်းနေရာတစ်ဝိုက်တွင် ရှေးယခင်က သာယာလှပသော ရှူခင်းများဖြစ်ခဲ့သလောက် ယခုမူကား ခြောက်ခြောက်သွေ့သွေ့ ခယောင်းတော ပမာသာတည်း။ မြသပိတ်တောင်ခြေ တောစပ်တွင် ဟိုးငယ်စဉ်ကလေးဘဝတုန်းက ကျွန်ုပ်နှင့်သုဒဿနတို့ ပုန်းတန်းရှာတန်း ကစားဖူးကြပါသေးသည်။

" အ ကျွန် က သု ဒ ဿ န "Where stories live. Discover now