episode 7 uni

78 16 0
                                    

အဒေီ ၁၀၅၇(part 7)
===================

အမေး ၃
(နောင်တော့်အတွက် ဥတ္တရက ဘယ်လိုအဓိပ္ပါယ်ရှိတဲ့လူသားမျိုးလဲ.......)

----------------------------------------

အကျွန်သုဒဿနအတွက် ရွေးချယ်ခွင့်မရှိသည့်ဘဝဆိုတာ ထိုအချိန်ကစတင်ခဲ့သည်ထင်၏။

မနူဟာမင်းတရားကြီးလက်ထပ် ထုံးတမ်းစဉ်လာတစ်ခုမှာ နန်းတော်အတွင်း အရှေ့မင်းယောက်ျားပိုင်း အနောက်မင်းမိန်းမပိုင်းဟု သတ်မှတ်ထားခြင်းဖြစ်သည်။ အနောက်ပိုင်းမင်းမိန်းမတို့ စံနေရာအဆောင်များသို့ မည်သည့်ယောက်ျားမှ ဝင်ထွက်ခွင့်မရှိ။ အကယ်၍ အကြောင်းကိစ္စတစ်ခုခုဖြင့်ဝင်ထွက်ခွင့်ရှိပါက အနောက်ဝန်အမှူးပြုသော အရာရှိများထံ အမိန့်ခံပြီးမှဝင်ရောက်ခွင့်ရှိမြဲဖြစ်သည်။ အမိန့်မရှိမပန်ကြားဝင်ရောက်ကျူးကျော်ခဲ့သော် ဒူးဖြတ် လက်ဖြတ် ခေါင်းဖြတ်သတ်သည်အထိအပြစ်ရှိပါသည်။

ထိုစဉ်က အကျွန်သုဒဿန၏အသက်သည်
လေးငါးနှစ်အရွယ် လူမမည်သေး.....။  ခမည်းတော် စစ်ကဲကြီးသီဟသည်လဲ
အနောက်ပိုင်းမင်းမိန်းမစံနေရာ အဆောင်များ၏ တံခါးမှူးတာဝန်ထမ်းဆောင်နေစဉ်ကာလဖြစ်သည်။  ပျော်ရွှင်ဖွယ်အကျွန်တို့၏ မိသားစုဘဝလေးအတွင်း ကြမ္မာဆိုးက ဝင်နှောင့်၍လာသည်။

ရှေ့နောက်နန်းဆောင်များအား ဝင်ထွက်သွားလာရာမှ မြောက်ရွှေရေးဆောင် မိဘုရား သည် ခမည်းတော်အား မျက်စိကျတော်မူလေ၏။ သစ္စာကြီးသော ခမည်းတော်သည် အကျွန်တို့ သားအမိအပေါ် သစ္စာမဖောက်ရက်....။ မိဘုရား၏ မာယာလှည့်ကွက်အောက် မကျဆင်းအောင်ရှောင်ဖယ်ရင်း ဒေါသမာန်ဆောင်ခံရတော့သည်။

ထိုသို့နှင့် မြောက်ရွှေရေးဆောင်မိဘုရားသည် ခမည်းတော်အား ရွှေဖလားခိုးသည်ဆိုကာ လီဆယ်တိုင်တန်းလေသည်။ သို့်ရာတွင် ခမည်းတော်ဘက်တွင် မားမားမတ်မတ်ရပ်တည်၍ ကူညီဖြေရှင်းပေးသူက ဥတ္တရ၏ ခမည်းတော် အမတ်မင်း သေဝလ ဖြစ်သည်။ မိဘုရား၏ အမှုဆင်ခြင်းသည် အမှုသွားမမှန်၍ ခမည်းတော်၌ အပြစ်မရှိကြောင်းထင်ရှားလာသောအခါ မိဘုရားက နောက်တစ်မျိုးကြံစည်ပြန်လေ၏။

" အ ကျွန် က သု ဒ ဿ န "Where stories live. Discover now