episode 4 uni

103 21 3
                                    

အဒေီ ၁၀၅၇( part4)
===============

တိမ်ဖုံးသည့်လပမာ ညိုမှိုင်းသွားသည့် ကျွန်ုပ်၏မျက်နှာကို နောင်တော်သတိပြုဖြစ်လိမ့်မည်မထင်....။

ချိနဲ့စွာ ခေါင်းငိုက်လျက် နီးကပ်လာသော နောင်တော်၏ ပေပွပွအသွင်အပြင်ကို ကျွန်ုပ်ခုချိန်ထိ မျက်မှန်းတန်းမရသေး...။
နောင်တော်မှ ဟုတ်ပါလေစွဟုသာ စိတ်၌တွေးထင်နေမိသည်။

တည်တည်ငြိမ်ငြိမ်ရှိသည်ကတော့ နောင်တော့်ကိုယ်ပိုင်အသွင်သဏ္ဏာန်ပင်...။ ဒီ့ထက်ပို၍ ကျွန်ုပ်သိခဲ့သော နောင်တော်၏ သွင်ပြင်ကိုမူ ရှာမရ...။

"နောင်တော် ခက်ခက်ခဲခဲနဲ့ စစ်သူကြီးရာထူးရောက်အောင် ကြိုးစားခဲ့ရတယ်နော်......နောင်တော့်မှာ ရလိုမှုဆန္ဒတစ်ခုခုတော့ရှိမယ်လို့ ကျုပ်ထင်တယ်....."

"အကျွန်မှန်ကန်စွာလျှောက်ပါမယ်....ရှိပါတယ်...ငါ့ရှင်"

"ကျုပ်သိချင်တယ်....နောင်တော်......"

"အရှင့်ကို အနီးကပ်စောင့်ရှောက်ခွင့် ရယူချင်မိတာပါ...."

ကျွန်ုပ်သည် ယခင်ကာလများတွင်တော့ နောင်တော်၏ ထိုကဲ့သို့ ကြည်သာချိုမြသော စကားထုံးဖွဲ့မှုများကို နှလုံးသားနှင့်ယှဉ်၍ သာယာမိမည်မှာ အမှန်ဧကန်ပင်...။ တကယ်တော့ ခုများတွင်လဲ ကျွန်ုပ်သာယာမိပါသည်။ သို့သော် နှလုံးသားနှင့်မယှဉ်ပဲ ဦးနှောက်နှင့်ယှဉ်သော သာယာမှုမျိုးဖြင့်သာယာမိလေသည်။

"အဲ့ဒီတစ်ခုထဲအတွက်လား......"

"မှန်ပါတယ်......"

မှန်ရာကိုပြန်တွေးရလျှင် ထိုစဉ်အချိန်က ကျွန်ုပ်သည် နောင်တော်၏ ခပ်ကျဲကျဲရယ်သံများနှင့် ချိုမြမြစကားသံတွေကြား ပျော်ရွှင်ကြည်နူးသာယာခဲ့ဖူးသည်။ ထိုစဉ်ကာလကို အမိုက်မှောင်တွေဖုန်းလွှမ်းနေသောကာလဟု ကျွန်ုပ်ကသတ်မှတ်၏။

ပလ္လင်ပေါ်သက်တောင့်သက်သာ ထိုင်နေရာမှ ကျွန်ုပ်သည် ကြမ်းပြင်သို့ဆင်းလာသည်။ နောင်တော်နှင့် မဝေးလွန်းမနီးလွန်း အကွာအဝေးတွင်ရပ်ပြီး ဘေးဘယ်ညာကို ခေါက်တုန့်ခေါက်ပြန်လျှောက်နေ၏။ ကျွနုပ်တို့ကြားတွင် ကိုးထစ်သောလှေကားထစ်က ခြားထားသေးသည်။ လှေကားအရင်းသည် ကျွန်ုပ်နှင့်ဆယ်လှမ်းအကွာဖြစ်လေ၏။

" အ ကျွန် က သု ဒ ဿ န "Where stories live. Discover now