ချစ်လှစွာသော 💛💚(အပိုင်း၂)

669 77 4
                                    

Unicode

[Kim's စံအိမ်တော်]....

ဆိုင်ကယ်ရပ်ပြီးဟွန်းတီးလိုက်တာနဲ့ပွင့်လာတဲ့ခြံတံခါး......ဟော..ဆိုင်ကယ်နဲ့ရှောရှောရှူရှူ ဝင်သွားတာ...ငါ့ကိုအထုတ်ကြိးနဲ့ထားခဲ့ပြန်ပြီ.....ဂျီမင်လည်းစိတ်ပေါက်ပေါက်နဲ့ဒီတိုင်းရပ်နေလိုက်သည်......

"အကိုလေးဒီကိုအထုတ်ပေးပါဗျ..ကျွန်တော်သယ်ပေးပါ့မယ်"

ကြည့်မနေနိုင်တဲ့ခြံစောင့်အကိုကြီးကလာသယ်ပေးတာ...ဟိုလူထက်သူကမှစိတ်ထားပိုကောင်းသေးတယ်...

"ကျေးဇူးပါနော်...ဟီးး"

လာကူညီပေးတဲ့သူကိုပဲမချိပြုံးလေးပြုံးပြလိုက်ရသည်။မသယ်နိုင်တော့လည်းသယ်ပေးတဲ့သူကိုကျေးဇူးတင်ရုံမှအပပေါ့။

သူနဲ့ထိုလူနဲ့ကပ်လျက်လျှောက်လာပြီးခြံထဲကိုလမ်းလျှောက်ဝင်လာလိုက်သည်.....ခြံကတော်တော်ကျယ်သည်....အိမ်နောက်ဖက်မှာလည်းမည်မျှအကျယ်ရှိသည်ကိုမသိပေမဲ့အရှေ့ပိုင်းတွင်တော်တော်ကျယ်သည်...စိုက်ခင်းတွေလည်းရှိပြီး..ပျိုးပင်ပန်းပင်တွေလည်းအများကြီးစိုက်ထားသည်..စိုက်ခင်းဆိုလို့ဘာမှတော့မဟုတ်...စတော်ဘယ်ရီတွေကိုမှန်အိမ်ထဲမှာစိုက်ထားတာ....ခြံရှေ့မှာတင်မှန်အိမ်သုံးအိမ်လောက်ရှိပြီးစတော်ဘယ်ရီတွေစိုက်ထားသည်...နှင်းဆီပန်း၊နှင်းဆီအနီ၊အဝါ၊အဖြူမျိုးစုံစိုက်ထားသည်..နောက်တစ်ခုကနေကြာပန်းတွေရော.....မြေကြီးမှာလည်းသဲတွေပေါ်ပေါက်တဲ့ပန်းသေးသေးရောင်စုံလေးတွေ.. ငြိမ်းချမ်းလိုက်တာ...အိမ်ထဲမရောက်ခင်ထိခြံရှေ့ထိတော်တော်ကျယ်ပြန့်ပါသည်...လမ်းလည်းတော်တော်လျှောက်လိုက်ရသည်...ကားသွားရာအိမ်ထိလမ်းခင်းထားသည့်အတိုင်းလျှောက်လာရာနောက်ဆုံးတော့ရောက်ပါသည်...နှစ်ထပ်အိမ်လေးဆီသို့

အမလေး...ဧည့်ခန်းမှာအေးဆေးထိုင်နေတာအဲ့လူက....ဆင်ဝင်နေရာအိမ်ရှေ့တွင်တော့ဂျစ်ကားတစ်စီးရပ်ထားလေသည်....။

"ဟေ့လူ.....အခန်းကဘယ်မှာလဲ...ပင်ပန်းနေပြီအိပ်တော့မယ်"

ကြည့်ကြည့်....အဲ့အကောင်ပေါက်ကစကားပြောတာကိုကဂျစ်တစ်တစ်....

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Where stories live. Discover now