ချစ်လှစွာသော 💛💚(အပိုင်း-၁၇)

357 32 5
                                    

Unicode

ဒေါက်....ဒေါက်....

အခန်းထဲစာဖတ်နေတုန်း ပြတင်းပေါက်နားကတဒေါက်ဒေါက်မြည်သံကြောင့် တကယ်လန့်သွားရသည်။ ညဘက်ကြီးဆိုတော့လေ တစ်ခုခုထင်သွားမိတာ။

ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တော့ ခြံနားကလမ်းကြားထဲကလူတစ်ယောက်...ကိုကိုငယ်ပဲ!!!

နာရီအချိန်ကတော့ ၇နာရီကျော်ပဲရှိသေးသည်။ ဖတ်လက်စ စာအုပ်လေးကိုပိတ်ကာ အခန်းထဲမှခြေသံလုံလုံထွက်လာလိုက်သည်။ ညဘက်ဆိုအပြင်ထွက်တာမကြိုက်သောအဖေနဲ့အမေကြောင့်ရော။

မိမှာစိုးရိမ်ကာမှ ဧည့်ခန်းကျတည့်တည့်ကိုတိုးသည်။ တီဘီပေါ်က အဖြူအမည်းအရောင် ပြဇာတ်တစ်ပုဒ်ကိုကြည့်နေကြခြင်း။ သူ့အသံကြားတော့သူ့အားလှည့်ကြည့်လာကြသည်။

"ဘယ်သွားမလို့လဲသား"

"ခြံထဲခဏဆင်းမလို့မေမေ"

"အေး အပြင်မထွက်နဲ့တော့နော်သား မိုးချုပ်နေပြီ"

"ဟုတ်ကဲ့"

ညမထွက်ရအမိန့်ကိုအားလုံးသဘောမတူစွာလိုက်နာခဲ့ပြီးနောက်တွင်တော့ ညဘက်ဆိုစောစောအိပ်ရတာအကျင့်လိုဖြစ်နေခဲ့သည်။ အခန်းထဲစာဖတ်နေတယ်ဆိုပေမယ့် ညဘက်ဝတ်အိပ်ဖို့အပေါ့ပါးဆုံး ဝမ်းဆတ်ကိုထုတ်၍ဝတ်ထားလို့နေချေပြီ။

ခြံထဲဆင်းကာ ခေါင်းရင်းဘက်က ခြံနဲ့လမ်းကြားလေးနားသွားလိုက်သည်။ ထို့နောက် ထိုနားကခုံပုလေးယူကာ ခုပြီးမတ်တပ်ရပ်လိုက်ရင်း တွေ့ပါပြီ ကိုကိုငယ်....

"ဘာလာလုပ်တာလဲကိုကိုငယ်"

"သတိရလို့လာတွေ့တာပါဂျီလုံးရာ "

"ညဘက်ကြီး အန္တရာယ်များရတဲ့ကြားထဲ အိမ်ထဲဝင်ပါအုံးလားကိုကိုငယ်ရယ်"

ကိုကိုငယ်နဲ့သူ့ကြား အုတ်တံတိုင်းလေးတစ်ခုသာခြားနေခဲ့သည်။ သူ့လက်တွေကိုယူကာ နှုတ်ခမ်းသားပါးပါးတို့ဖြင့်နမ်းရှိုက်နေသောကိုကိုငယ်သည် လွမ်းစွတ်တမ်းတခြင်းများကိုပုံဖော်နေခြင်းဆိုတာမပြောလည်းသိရမည်။

° ချစ်လှစွာသော °{𝓛 𝓸 𝓿 𝓮 𝓵 𝔂 }Where stories live. Discover now