2 [U]

1.3K 235 0
                                    

[ If I could sail a boat
I'd cruise across the seas
A sweet adventure for us two
I'll be Jack, and you, Rose
Just please don't let me go
'Cause I'll be nothing without you ]

"ကျောင်းလစ်ကြမယ် Sean .."

"ဘာလို့လဲ ဝမ်ရဲ့"

ပြေးလာတာဖြစ်တာကြောင့် ဝမ်ရဲ့နဖူးပြင်မှာ ချွေးစကလေးတွေသီးနေတယ်။ လက်ကိုင်ပုဝါလေးထုတ်ကာ ချွေးသုတ်ပေးတော့ ဝမ်က ကြောင်ကလေးတွေ ဇိမ်ခံရသလိုမျိုး ငြိမ်ငြိမ်ကလေး နေရှာလေရဲ့..

"ကမ်းနားမှာလေ သင်္ဘောအသစ်ဆိုက်လာတာ .. သွားရအောင်၊ ကာတွန်းပါငှါးသွားမယ်လေ"

"ဝမ်က ထူးထူးဆန်းဆန်း ကျောင်းလစ်ချင်နေပါရောလား ?"

"ကျွန်တော်က သင်္ဘောတွေကို သဘောကျတယ် Sean ရဲ့ .."

"ဘာလို့လဲ"

"အတည်တကျမရှိဘူး ..
နားချင်နား .. သွားချင်သွားသဘောမျိုးမှာ သူတို့မှတ်မိတာ ရေတွေပဲရှိမှာပေါ့"

ဝမ်က ပြုံးကာပြောပြီး သူ့လက်ကိုဆွဲတယ်။ ပြီးတော့ ကာတွန်းအဟောင်းတွေငှါးပေးတဲ့ဆိုင်ကို ဦးတည်လိုက်တယ်။

ကျောင်းပြေးရတာလည်း စိတ်လှုပ်ရှားစရာပါပဲ ..

•••••

ဖတ်ချင်တဲ့ စာအုပ်ရှာမတွေ့တာကြောင့် ဆိုင်တံခါးဝမှာပဲ သူမတ်တပ်ရပ်ပြီး ဝမ်ကိုစောင့်နေတယ်။ ဝမ်ကတော့ ကာတွန်းစာအုပ်တွေကြား နစ်မြုပ်နေလောက်ပြီး စိတ်ရှည်လက်ရှည် ရွေးနေလောက်တယ်။ အဖြူအမည်း manga တွေက သူ့အတွက်တော့ အကြိုက်လောက်ကြီး မဟုတ်ပေမယ့် ဝမ်ကတော့ ရူးရူးမူးမူး သဘောကျကြောင်း သူသိလာရတယ်။

ဝမ်က အစွန်းနှစ်ဖက်ကြားရပ်နေတဲ့ လူစားမျိုး ..
ပန်းတွေကိုလည်းကြိုက်သလို ဓါးတွေကိုလည်းကြိုက်တဲ့ စိတ်ထားနဲ့ ကောင်ကလေး။

"ရပြီ Sean .. သွားကြမယ်"

Manga သုံးအုပ်လောက်က လက်ထဲပါလာပြီး သင်္ဘောဆီကို ဦးတည်ပြေးကြတဲ့ နှစ်ဦးသား လက်တစ်ဖက်ချင်းစီက တွဲချိတ်လို့။

သင်္ဘောပေါ်မှာ ဘယ်သူမှမရှိဘူး ..
ကုန်းပတ်တစ်လျှောက်မှာ လေအေးအေးတွေတိုက်တော့ သူက ပါလာတဲ့ အနွေးထည်ကိုတောင် ဝမ်ကို လွှားခြုံပေးလိုက်တော့ ဝမ်က နှုတ်ခမ်းစူချင်တယ်။

Miracle In Osaka (Completed)Where stories live. Discover now