Final [U]

1.7K 299 5
                                    

[ Oh, when you call me
I'm drifting on clouds
Like I'm dreaming
But in the morning
I'll wake up and see that you're stuck
Here with me ]

"ဝမ် .. ဒီနေ့တွေ့ကြမလား"

ကျောင်းပိတ်ရက်မလို့ ဝမ်ကို လှမ်းဖုန်းဆက်ပြီး date သွားဖို့ ဆုံးဖြတ်လိုက်တယ်။

"ဒီနေ့မအားဘူး သွားစရာရှိတယ်"

"ဘယ်ကိုလဲ .."

"ကျောင်းက ဆရာခေါ်ထားလို့"

"လိုက်ပို့ပေးရမလား"

"ပို့ချင်ရင် အခုလာခဲ့"

အမြန်ကလေးပြေးလို့ထပြီး စက်ဘီးဆီသွားရတယ်။ ဝမ်ကလေ တကယ့်ကို ငဂျစ်ကလေးဖြစ်တယ်။ စကားပြောရင် အလျှော့မပေးသလိုပုံစံလေးနဲ့ဝမ်က သူ့အတွက်တော့ ရင်အေးစရာအမောပြေလေးမလို့ ပြေးလို့သာ တွေ့ချင်တော့တာပဲ။

"Sean !"

သူ့အိမ်ရှေ့ကနေ စက်ဘီးဆီ လျှောက်လာတဲ့ဝမ်က ဒီတစ်ခါတော့ ဖြေးဖြေးအေးအေးကလေး။ သူ့ဘဝထဲ ချင်းနင်းဝင်ရောက်လာတုန်းကလိုမျိုး ပန်းတွေကြား ထင်းနေတဲ့ ဆာကူရာကလေး။

"ဝမ် .."

"မြန်မြန်တော့ နင်းနော်၊ ဆရာက ဘာကိစ္စရှိလဲမသိဘူး"

"အင်းပါ .. တက်"

စက်ဘီးလေးရဲ့ နောက်ခုံမှာ ရှောင်းကျန့်ရဲ့ တစ်ဘဝလုံးစာကို တင်ဆောင်သယ်ယူလာတယ်။ တစ်ဘဝလုံး မြတ်နိုးတန်ဖိုးထားရမယ့်အရာပေါ့ ..

"သီချင်း နားထောင်မလား ?"

"ဘာသီချင်းလဲ"

"If I Could Ride A Bike"

"ဝမ့်အကြိုက်လား"

"အင်း အရမ်းကြိုက်တာ"

"အဲ့ဒါဆို ဖွင့်လေ"

လေတိုးတဲ့ကြားက သီချင်းအေးအေးလေးပျံ့လွင့်လာတော့ သူက ဝမ့်ကို တိုးလို့ ဖက်စေချင်သေးတာ ..

[ If I could ride a bike
I'd zoom around the world
With you sitting there behind me
I'll take you to places
Past several faces
Just livin' life so carefree ]

[ If I could sail a boat
I'd cruise across the seas
A sweet adventure for us two
I'll be Jack, and you, Rose
Just please don't let me go
'Cause I'll be nothing without you ]

[ Oh, when you call me
I'm drifting on clouds
Like I'm dreaming
But in the morning
I'll wake up and see that you're stuck
Here with me ]

Miracle In Osaka (Completed)Where stories live. Discover now