Chapter - 14

15.7K 1.6K 261
                                    

#Unicode

အိပ်ပျော်သွားပြီဖြစ်သည့် ထယ်ယောင်းရဲ့ အနားမှာ ထိုင်နေမိသော ဂျောင်ဂု။
အရမ်းငိုပြီးတဲ့အခါတိုင်း ပင်ပန်းပြီး အိပ်ပျော်သွားတက်တဲ့ အကျင့်လေးက မပျောက်သေးဘူးပဲ...

ထယ်ယောင်းကို သူမုန်းနိုင်မယ်ပဲ ထင်ထားခဲ့တာ..
အခု ထပ်ပြီးဆုံးရှုံးရမလိုဖြစ်သွားတာကို ကိုယ်တိုင်ထပ်ကြုံလိုက်ရမှ ကောင်းကောင်းကြီး နားလည်သွားသည်။
ကျွန်တော် ထယ့်ကို နာကျည်းခဲ့တာမှန်ပေမယ့် ဘယ်တုန်းကမှ မမုန်းနိုင်ခဲ့ဘူးပဲ...။

နဖူးပေါ်က ဆံပင်လေးကို အသာယာသပ်တင်ပေးရင်း လွမ်းခဲ့ရသည့် မျက်နှာလေးကို တမေ့တမောကြည့်ဖြစ်သည်။
နည်းနည်းလေး ရင့်ကျက်လာပုံပေါက်ပေမယ့်လည်း ကြည့်ကောင်းနေဆဲပဲ။

"အင်းးးးမောင်.."

"မောင် ရှိတယ်...ထယ် မောင်ရှိတယ်.."

သူ့ကိုယောင်ပြီးခေါ်ရင်း ဖွင့်ဟလာသည့် မျက်ဝန်းလေးတွေက ခနစိုက်ကြည့်နေပြီးမှ အိပ်ယာကနေထထိုင်ကာ လည်တိုင်ကို သိုင်းဖက်လိုက်တာကြောင့် ဂျောင်ဂုမှာ လန့်သွားရသည်။

"ဘာဖြစ်လို့လဲ ထယ်.."

"အိမ်မက် မဟုတ်ဘူးမလား...မင်း ငါ့နားမှာ ရှိနေတယ်ဆိုတာကို အခုထိမယုံနိုင်သေးဘူး...ဒါ တကယ်ပဲ လက်တွေ့ ဖြစ်နေတာလား မောင်...?"

နေလည်းသိပ်မကောင်းတာကြောင့် စိတ်တွေ ခြောက်ခြားနေပုံရသည့် ထယ်ယောင်းကို ဂျောင်ဂု နှစ်သိမ့်ရတော့သည်။

"မောင့်ကို ကြည့် ထယ်ယောင်း.."

ဒီလိုကျတော့လည်း သခင့်စကားကို နာခံတက်သော ကြောင်ပေါက်လေးတစ်ကောင်လို မော့ကြည့်လာသည်။

"ဒါက အိမ်မက်မဟုတ်ဘူး...ထယ့်ကို မောင် အခွင့်အရေး ထပ်ပေးမယ်...ဒါပေမယ့် အရင် အတိတ်က အကြောင်းတွေကြောင့် မောင့်အနေနဲ့တော့ ချက်ချင်းကြီး ပြောင်းလဲလို့ရမှာ မဟုတ်ဘူး...တစ်ခါတစ်လေ ထယ့်အတွက် စိတ်ညစ်စရာတွေလည်း ရှိလာနိုင်တယ်...မောင်ဘာကြောင့် ဒီလိုပြောတယ်ဆိုတာကို နားလည်ပေးမယ်မလား...?"

ဟုတ်တယ်လေ....ကျွန်တော်ထယ့်ကို အခွင့်အရေး ပေးလိုက်တယ်ဆိုပေမယ့်လည်း အရင်အတိုင်းတော့ ချက်ချင်းကြီး ဖြစ်လာဖို့ဆိုတာ မလွယ်ကူနိုင်ဘူး။

IF YOU [Completed ]Where stories live. Discover now