part-14

4.8K 297 19
                                    

Unicode

"ဝေါ...ဝေါ...ဝေါ......"

အဆက်မပြတ် ရွာသွန်းနေသော မိုးရေမိုးစက်များကြောင့် ပန်းနီရောင် သန်းနေသော သည်းငယ်၏ နီ​စွေး​စွေးနှုတ်ခမ်းလေး​ပင် ပြာလဲ့လဲ့ဖြစ်လို့နေလေပြီ၊ ဒီအတိုင်းသာ ဆက်ထားအုံးမည်ဆိုလျှင်တော့
သေချာပါသည် ဒီပိကျိလေး သေချာပေါက်ဖျားနာတော့မည်။

အတော်လည်း အသည်းမာတဲ့ $ကလေးလေးပါလားကွာ.....

"ကလေး လေး မိုးတွေလည်းအရမ်းသည်းလာပြီကွာ ပြီးတော့ မင်းနှုတ်ခမ်းလေးတွေလည်း ပြာနေပြီ
ကိုတို့ပြန်ကြရအောင်လေနော်"

မိုးရေစက်များနှင့်အပြိုင် မျက်ရည်စတို့အား ရွာသွန်းနေသော ကလေးလေးရဲ့မျက်ဝန်းများကတော့ သိပ်ကိုမှေးမှိန်လို့နေလေသည်။

ဒဏ်ရာရ ကျားတစ်ကောင်ပမာ ခံစားနေရသော ကလေးငယ်ကတော့
သူပြောသမျှစကားတွေကို မျက်ကွယ်ချ ဥပေက္ခာပြုရင်း အသက်မဲ့နေသော မျက်ဝန်းများဖြင့်သာ အဝေးတစ်နေရာဆီသို့ ငေးကြည့်နေလျက်။

"ခင်ဗျားပြန်ချင်ပြန်လေ ကျတော်ကတော့မလိုက်​တော့ဘူး"

"ကျွတ်...မလိုက်လို့ရမလားသည်းငယ်ရာ...မင်းကိုယ်မင်းလည်း​​ပြန်ကြည့်အုံး တစ်ကိုယ်လုံး ဂိုက်ဂိုက်တုန်နေပြီ ခေါင်းမမာချင်စမ်းပါနဲ့ သည်းငယ်ရာ "

"ဟုတ်တယ် ကျတော်ကခေါင်းမာတယ်
အဲ့တော့ဘာဖြစ်လည်း အနည်းဆုံးတော့ ခင်ဗျားလို မလှည့်စားတတ်ဘူးမဟုတ် လား ဦးမုဏ်းစေတန်"

"သြော် ခင်ဗျား သိအောင်ကျတော် တစ်ခုပြောရအုံးမယ်  အခု ခင်ဗျား အရှေ့မှာ ရပ်နေတဲ့ ကျတော်ကလေ အရင်လို  ခင်ဗျားဘာပြောပြော တသွေမတိမ်း လိုက်နာတတ်တဲ့ပျော့ညံ့ညံ့အဆိုးမဟုတ်တော့ဘူး ၊ ခင်ဗျားပေးတဲ့ စိမ်းကားမှုတွေကြောင့် တော်တော်လေးကိုရင့်ကျက်သွားပြီဗျ"

ခပ်အက်အက် အသံလေးနှင့်အတူ သူ့ဆီသို့ရောက်လာသောမျက်ဝန်းများက ကြေကွဲစရာ အကြည့်များနှင့် ပြည့်နှက်လို့နေလေသည်။

"မဟုတ်ဘူးသည်းငယ်....ကိုပြော..."

"​ကျေးဇူးပြုပြီးတော့ ကျတော့ကို သည်းငယ်လို့မခေါ်ပါနဲ့ ဦးမုဏ်းစေတန်
ကျတော်က ခင်ဗျားရဲ့သည်းငယ်မဟုတ်ဘူး"

❣❣အို...ဦးနော်❣❣Where stories live. Discover now