part-46

3.2K 156 5
                                    

Unicode

"မင်း ဒီကို ဘာလာလုပ်တာလဲကလေးမ ဒီနေရာက မင်းလာမဲ့နေရာမဟုတ်ဘူးနော်"

ကားပေါ်မှဆင်းလို့ အိမ်ထဲသို့ဝင်ကာရှိသေး လှိုက်လှိုက်လှဲလှဲနှင့်ဆီးကာကြိုဆိုလိုက်သော အသံတစ်ခုကြောင့် သူမနှုတ်ခမ်းတို့အနည်းငယ်တော့ ပြုံးသွားရလေသည်။

ဒီလိုပဲဖြစ်​ရမယ်လေ...ကျမလာခဲ့တယ်ဆိုတာကလည်း ဒီစကားလုံးတွေကြားချင်လို့မဟုတ်ပါလား....တစ်နည်းအားဖြင့် ဒီပွဲမှာ ရှုံးတော့မဲ့ သူတို့အတွက် ဒီစကားလုံးက အကောင်းဆုံးလက်နက်တို့ပေ...

"အိုး....ကြမ်းလှချည်လား အန်တီရဲ့ စိတ်လေးလည်လျော့ပါအုံး ကိုယ့်အိမ်ကို တကူးတက လာလည်တဲ့ ဧည့်သည်ကို ဒီလိုပဲဆက်ဆံရလား...."

" ဘာလဲ မောင့်ကို အန်တီ့သားကမရလိုက်ဘဲနဲ့ ကျမကပဲပြန်ရသွားလို့လားအန်တီ"

ဒေါသတရားများ ထွက်ပေါ်သည်အထိ မဟားတရားစောင်းချိတ်ကာ ပြောဆိုလာသော ထိုကလေးမ စကားတို့က သိပ်ကို ခံပြင်းစရာကောင်းလှသည်မို့ ကုလားထိုင်ပေါ်တွင် ထိုင်နေသော သူမ အလိုလို မတ်တပ်ရပ် မိသွားလေသည်။

"မင်းနဲ့မဆိုင်တာတွေ မပြောချင်စမ်းပါနဲ့ ကလေးမ ၊ မင်း အခု ဒီကိုလာတာ ဘာကိစ္စလဲဆိုတာသာ မြန်မြန်ပြော"

"ကောင်းပါပြီ ရှင် ဒါနဲ့ ဒီထိုင်ခုံမှာ ကျမထိုင်လို့တော့ရတယ်မလား အန်တီ"

ပေါင်လည်အထက် ဝဲပျံကာကျနေသောဆံနွယ်စတို့အား လက်ကလေးနှစ်ဖက်ဖြင့် အသာဆွဲဖွရင်း
​ပါးချိုင့်လေးနှစ်ဖက်ထွက်ပေါ်သည်အထိ  ခပ်ဟဟ​လေးပြုံးပြနေသော ထိုကလေးမက သူ့ရှေ့တွင်ရှိနေသော ထိုင်ခုံတွင်ထိုင်ရန်အတွက် သူမအား ခွင့်တောင်းလို့လာလေသည်။

အိမ်ထဲသို့ စဝင်ကတည်းက တစ်ချက်မှပင်မမဲ့သွားဘဲ ပြုံးမြဲသာ ပြုံးနေသော ထိုကလေးမက ဒီအိမ်ကို ကောင်းသောလာခြင်းမျိုးနဲ့ လာခဲ့မှန်းမဟုတ်သည်ကို သူမသိသော်လည်း ထိုင်ရန်ကိုအတွက်တော့ စိတ်မပါလက်မပါဖြင့်သာ ဒေါ်အမရာတစ်ယောက်  ခွင့်ပြုရပေအုံးမည်။

"ထိုင်ပါ ကလေးမ... တို့ကအဲ့လောက်ထိတော့ မရိုင်းသေးပါဘူး "

❣❣အို...ဦးနော်❣❣Where stories live. Discover now