Part-31

3.1K 413 10
                                    

Unicode...

Note : မင်းတပ်အတွက် ဆု​တောင်း​ပေးကြပါ။ ကျွန်​တော်တို့သာမန်ပြည်သူ​တွေ မ​မျှော်လင့်၊ မကြုံ​တွေ့ဖူးတဲ့ ဒုက္ခ​မျိုးကို လက်​တွေ့ခံစား​နေရတဲ့ မင်းတပ်၊ ​ရွှေဘိုနဲ့ အခြားစစ်​ဘေးသင့်ပြည်သူ​တွေအတွက် တတ်နိုင်သ​​လောက်​လေး လှူဒါန်း​ပေးကြပါ🙏🏻

...........................

"အ​ဖေ ကျွန်​တော်​​ပြောစရာရှိတယ်"

နှစ်ဆန်းတစ်ရက်​​နေ့ တရားစခန်းကပြန်​ရောက်​​နေပြီဖြစ်​သော အ​ဖေ့ကို စကားစကြည့်သည်။ မနက်ကတည်းက ပြန်​ရောက်​နေ​ပေမဲ့ အ​ဖေအနားယူ​ရ​​အောင်ဆိုပြီး ​နေ့လည်ထမင်းစားပြီး​တော့မှ ​ပြောဖြစ်သည်။

"လာ​လေ သား...ဘာ​​ပြောမလို့လဲ"

အ​ဖေနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး အ​ဖေမကြား​အောင် သက်ပြင်းမျှင်းမျှင်းချလိုက်သည်။

"ဟိုတစ်ခါအ​ဖေ့ကို​​ပြောဖူးတဲ့ သားမှာချစ်သူရှိတယ်ဆိုတာ"

အ​ဖေက ဂရုတစိုက်နား​ထောင်​နေသည်။

"အဲဒါ သားမ​ပြောဖြစ်လိုက်တဲ့ သားချစ်သူအ​ကြောင်း အ​ဖေ့ကို​ပြောပြချင်တာပါ"

"​ပြော​လေ...သားချစ်သူကို အ​ဖေနဲ့မိတ်ဆက်​ပေးမလို့လား"

အ​ဖေက ​ရွှတ်​နောက်​နောက်​​ပြောလိုက်​ပေမဲ့ ထွန်းသစ်စ​က​တော့ စိတ်​တွေလှုပ်ရှား​နေသည်။

"ဟုတ် အ​ဖေ​တွေ့ချင်တယ်ဆို သားသူ့ကို​​ပြောလိုက်ပါ့မယ်"

"​နေပါ​စေကွာ...အ​ဖေကစတာပါ...သားချစ်သူ သ​ဘောမပါရင် မိတ်ဆက်မ​ပေးလည်းရပါတယ်"

"ဟုတ်..."

ထွန်းသစ်စ ​ရှေ့မဆက်နိုင်​သေး။ ဘယ်ကစ​ပြောရမလဲလို့ စကားရှာ​နေတာလည်းဖြစ်မည်။

"​ပြောစရာရှိတာ ဒါပဲလား သား"

"သားချစ်သူက ​ယောကျ်ား​လေးတစ်​ယောက်ပါ အ​ဖေ...အဲဒါ အ​ဖေလက်ခံ​ပေးနိုင်မလား သားသိချင်ပါတယ်"

ဦးထိန်ဝင်း ခဏတာတိတ်ဆိတ်သွား၏။ မျက်နှာချင်းဆိုင်က ထွန်းသစ်စကို စိုက်ကြည့်ပြီး ​ခေါင်းတညိတ်ညိတ်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now