Extra-7

2.7K 310 16
                                    

Unicode...

ထွန်းသစ်စတစ်​နေကုန် အတန်းမတက်ဖြစ်​ပေ။ သံသာ ဘယ်လိုရည်ရွယ်ချက်နဲ့ သူ့ကိုလိမ်လည်ပြီး သက်​သေအတု​တွေပါဖန်တီးရတာလဲဆိုတာကို သိချင်​ဇောအားကြီး​နေ၏။ သူ့လို သားအရင်းတစ်​ယောက်မဟုတ်သူတွင် သံသာမက်​မောစရာဘာများရှိ​နေလို့လဲ။

မနက်ခင်း ​ကျောင်းလာချိန်တွင် ရှိန်မင်းစံကတစ်ဆင့် သူ့အ​ဖေဆီမှအတည်ပြုခဲ့ပြီးဖြစ်သည်။ သံသာ​ပြော​သော ထွန်းသစ်စ၏အ​ဖေနှင့်အ​မေရင်းတို့သည် လွန်ခဲ့​သောဆယ်နှစ်ခန့်က ​မွေးပြီးခါစ သား​ယောကျ်ား​လေးတစ်ဦး​ပျောက်ဖူးခဲ့သည်။ ​လွန်ခဲ့​​သောဆယ်နှစ်ဆိုတာ သေချာ​နေမှ​တော့ သူ့မိဘအရင်းများ လုံးဝမဖြစ်နိုင်​တော့။ ထို့ပြင်ဦးထိန်ဝင်း၏ ကုမ္ပဏီနှင့်ပူး​ပေါင်းမှုဖျက်သိမ်းခဲ့ခြင်းမှာလည်း ထိုလင်မယား က​လေးမ​ပျောက်မီအချိန်ကဖြစ်ပြီး တခြားအ​ကြောင်းအရင်းများ​ကြောင့်ဖြစ်သည်။ ဘာ​ကြောင့်လဲဆိုတာ ရှိန်မင်းစံ၏အ​ဖေလည်း ​သေချာမသိ​ချေ။

ထွန်းသစ်စ Music clubအခန်းတွင် ​ကျောင်း​ရောက်သည့်အချိန်မှစ၍ ​မှိုင်​တွေ​တွေထိုင်​​နေမိသည်။ ပထမဆုံး​အတန်းချိန်များတွင် Clubသို့ လူအလာနည်း၏။ ထို့​ကြောင့် ​၉နာရီထိုးပြီးသည်နှင့် သံသာ့ကိုဖုန်းဆက်​ခေါ်လိုက်သည်။

ည​ပေါင်းများစွာ အိပ်​​ရေးပျက်ထားတာ​ကြောင့် မျက်တွင်းများချိုင့်​နေသည်။ အိပ်ချင်စိတ်​ဖြစ်လာတိုင်း မျက်နှာကိုခဏခဏပွတ်​နေသဖြင့် မျက်လုံးများလည်း နီရဲ​နေသည်။ ​​ခေါင်းကိုလည်း ခဏခဏခိုးဖွ​နေမိတာမို့ သပ်ရပ်မှုတို့မရှိ။ ထွန်းသစ်စ ကိုယ့်ကိုကိုယ် သတိမထားမိသလို ဂရုလည်းမစိုက်နိုင်။ သံသာ့အလာကိုသာ ​စောင့်​နေလိုက်သည်။

"Zett သံသာ​ရောက်ပြီ...စ​နေ​နေ့အတွက် Rehearsalလုပ်မလို့များလား"

သံသာ့ကိုမြင်တိုင်း အမြဲရွှင်လန်းတက်ကြွလျက် ပြုံး​နေတတ်တာကို ထွန်းသစ်စသတိထားမိသည်။ လူတစ်​ယောက်ကို လိမ်လည်လှည့်ဖြားပြီး အဘယ်​ကြောင့် ​ပေါ့ပါးသွက်လက်စွာ ပြုံး​​နိုင်ရသနည်း။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now