My love story part 4

12.3K 901 16
                                    

Uni....

My Love Story(အပိုင်း ၄)

ရှိုင်းထက်တို့ အစည်းအဝေးခန်းထဲတွင်ဖြစ်သည်။
"ဟုတ်ပြီ နောက်ထပ်တင်ပြစရာကျန်သေးလား"

"မရှိတော့ပါဘူး.."

" ဒါဆို အစည်းအဝေးသိမ်းမယ်နော်.."
အစည်းအဝေးခန်းထဲရှိလူတွေအကုန်ထွက်သွားပြီး ရှိုင်းထက်နဲ့ ခန့်ထည်သာကျန်ခဲ့သည်။

"ရှိုင်းထက်မင်းဒီနေ့နောက်ကျနေတယ်နော်"

"အင်း တစ်နေရာဝင်နေလို့"

"မင်းအခု​​နေတဲ့​ေနရာကအဆင်ပြေလား။"

ရှိုင်းထက် သူ့ကွန်ပျူတာကို ပိတ်လိုက်ရင်းပြောသည်။
"နေရတာအဆင်ပြေလားဆိုတာထက် ငါ့နှလုံးသားက ပိုအဆင်ပြေတယ်လို့ပြောရမှာ"

ခန့်ထည် မျက်လုံးအပြူးသားဖြင့်
"မင်းသူနဲ့ပြန်တွေ့ ...."

ရှိုင်းထက်ကအရင်ဖြတ်ဖြေလိုက်သည်။

"မဟုတ်ပါဘူး..ဒီလိုပဲ သူနဲ့မဆိုင်ဘူး"

"အေးလေ သူနဲ့ကတွေ့စရာအကြောင်းလည်းမရှိပါဘူး။
ဒါနဲ့မင်းအဖွားဆီသွားလိုက်အုံး။ ငါ့ကိုလှမ်းပြောနေတယ် မင်းကသူ့ဆီမလာလို့.."

"ငါလည်းဒီညနေသွားမလို့ ဟိုရက်တွေက အလုပ်ရှုပ်နေလို့..."

"မင်းနိုင်ငံခြားကပြန်လာပြီးကတည်းကဘယ်နှစ်ခေါက်ရောက်ပြီးပြီလဲ"

"၃ခေါက်လောက် ..."

"မင်းကလည်း လွန်လွန်းတယ် ကိုယ့်အဖွားဆီကိုတောင်အဲ့လောက်ပဲသွားရသေးတယ်။"

"ငါပြန်ရောက်တာကဖြင့် ဘယ်လောက်ကြာသေးလို့လဲ။ဒီမှာအလုပ်တွေကလည်းရှုပ်နေတာဒယ်ဒီကလည်းပြန်မလာဖြစ်သေးဘူး။ ဦးလေးကလည်း နောက်လမှမြန်မာပြည်ပြန်ရောက်မှာ"

"အဲ့ဒါဆိုလည်းမင်းအဖွားနဲ့သွားနေပေါ့"

"အဖွားနဲ့နေရင်လေ ငါ့ကိုမိန်းမယူဖို့ကြီးပဲပြောနေတာ။မြစ်လိုချင်ပြီကပါသေး..ငါမှမယူချင်သေးတာနေ့တိုင်းပွစိပွစိလုပ်ခံနေရမှာ"

ခန့်ထည် ရှိုင်းခက်ပုခုံးပေါ်လက်တင်လိုက်ကာ
"မင်းသူ့ကို မမေ့နိုင်သေးလို့လား"ဟုမေးပြန်သည်။

My Love Story (Completed)Where stories live. Discover now