Uni.....
My Love Story အပိုင်း(7)
"ရှိုင်းထက် မင်းပြန်လာသေးတယ်နော်။ငါ့ကိုတစ်ယောက်ထဲလမ်းဘေးထားသွားပြီး အဲ့ကောင်လေးနဲ့ပါသွားတယ်"ရှိုင်းထက်ကိုမြင်တာနဲ့ ခန့်ထည် မကျေမနပ်ပြောလိုက်သည်။
"မင်းလည်းအခြေအနေကိုလည်းမြင်တာပဲ ငါကသူ့ကိုပစ်ထားခဲ့လို့မရဘူးလေ ထားပါ Star Hotel စာရင်းတွေ ရောစစ်ပြီးခဲ့ပြီလား။"
" ပြီးပြီ...ဒါနဲ့အဲ့ကောင်လေးကမင်းဟိုနေ့ကပုံတင်ထားတဲ့တစ်ယောက်မို့လား မင်းတို့ကဘာတွေလဲ။"
"My sweetheart .."ရှိုင်းထက်ကစနောက်နေတာမျိုးမဟုတ်ပဲဖိုင်တွေကိုလှန်းကြည့်ရင်း တည်တည်ငြိမ်ငြိမ်ပြောတာကြောင့်
ခန့်ထည်အလန့်တကြားမေးသည်။
"ဟင် မင်း..မင်းကဘယ်လိုဖြစ်လို့။""အဲ့လောက်လန့်စရာလိုလား...အခုမှတစ်ဖက်သတ်ပဲရှိသေးတာပါ။"
"ရှိုင်းထက်ရာ မင်းဝင့်ဝါနဲ့ပြတ်ပြီးကတည်းက ဘယ်သူ့ကိုမှစိတ်မဝင်စားတော့လို့ ငါတောင်မင်းကိုအချစ်ကိုစိတ်ကုန်သွားပြီထင်နေတာ။အခုကြိုက်မဲ့ကြိုက်တော့လည်း ကောင်လေးတဲ့လား။"
ခန့်ထည်မှာ မယုံကြည်နိုင်သည့် လေ
သံနဲ့ပြောလိုက်သည်။"အဲ့တော့ဘာဖြစ်လဲ ကိုယ်ချစ်ရင်ရပြီပေါ့ ယောက်ျား၊မိန်းမ ခွဲနေစရာလား။ယောက်ျားလေးဖြစ်တော့ရောဘာဖြစ်လဲ သူ့ကိုမှချစ်မိသွားတာကိုမတက်နိုင်ဘူး။"
"မဟုတ်ပါဘူး မင်းလိုအရာရာပြည့်စုံပြီးသားလူတစ်ယောက်က ယောကျာ်းလေးကိုကြိုက်တယ်ဆိုတော့ အံ့သြသွားလို့ပါ။ ငါတို့ပေါင်းလာတဲ့တစ်လျှောက် မင်းက gay ဆိုတဲ့ပုံစံလည်းမမြင်မိပါဘူး။မင်းတစ်လျှောက်လုံးငါ့ကိုရော ဘယ်လိုတွေမြင်နေ......."
ပြောရင်း ခန့်ထည်နောက်တစ်လှမ်းဆုပ်လိုက်တာကြောင့်"ပါးစပ်ပိတ်လိုက်တော့ စိတ်ကူးယဉ်မနေနဲ့ ငါကယောက်ျားလေးတွေကိုကြိုက်တာမဟုတ်ဘူး။အဲ့ကောင်လေးတစ်ယောက်ထဲကိုပဲကြိုက်တာ။သူ့ကိုကြိုက်မိလို့ ငါ့ကိုGay လို့ပြောချင်လည်းရတယ်။"
ခန့်ထည်ကရယ်ရင်း
"အေးပါကွာ...ငါကလည်းမင်းကိုကန့်ကွက်နေတာမဟုတ်ပါဘူး စတာပါ။မင်းတကယ်ကြိုက်ရင်ပြီးတာပဲ။ဒါနဲ့အဲ့ကောင်လေးကရော မင်းကိုဘယ်လိုသဘောရလဲ။"

YOU ARE READING
My Love Story (Completed)
Romance( My First Fiction)💙 ပေါ့ပေါ့ပါးပါး လေးနဲ့ Romance ဆန်ဆန်လေးပဲသွားမှာပါ စိတ်အပန်းဖြေပြီး အကြည်ဓာတ်လေးတွေရချင်ရင် ဖတ်ကြည့်ကြပါနော်❤ Start Date - 22.2.2021 End Date -17.7.2021