Uni....
My Love Story (အပိုင်း၄၀)
ရှိန်းစက် စားစရာတွေနဲ့ အခင်းဘာညာ အကုန်ပါမပါစစ်လိုက်သည်။
"Ok ပစ္စည်းတွေလည်းအားလုံးစုံသွားပြီး
ကိုကြီး ဖြူလင်းကိုသွားကြိုလိုက်""ညီစက်တစ်ခါထဲမလိုက်ဘူးလား"
"ဟင့်အင်း ကျွန်တော်ကိုထက်နဲ့တစ်စီး စီးမှာ
ကိုကြီးက ဖြူလင်းနဲ့စီး""ရည်းစားလည်းရသွားရော အစ်ကိုနဲ့တောင်အတူမသွားချင်တော့ဘူးပေါ့ "
"မဟုတ်ပါဘူး ကိုကြီးကလည်း ဟဲဟဲသွားလိုက်ပါဗျာ "
လင်းရောင်ရှိန်လည်း ဖြူလင်းအားသွားခေါ်ပေးရတော့သည်။
******"Hello မေမေ"
"သားဘာလို့အခုမှဖုန်းခေါ်ရတာလဲ လိုင်းပေါ်မှာ ပြန့်နေတဲ့ကိစ္စတွေဘယ်လိုဖြစ်တာလဲ"
"မေမေတို့ရန်ကုန်ပြန်လာတဲ့အခါကျမှပဲအကြောင်းစုံပြောပြမယ်။ အခုကမေမေစိတ်ပူနေမှာစိုးလို့အရင်ဆက်တာ ပြီးတော့ ခန့်ထည်ကိုလည်းကျွန်တော်အကြောင်းတွေသွားသွားမမေးနေပါနဲ့တော့။ကျွန်တော် ဝင့်ဝါနဲ့လည်းတွေ့ပြီးပြီ"
ဒေါ်ထားခင် ရင်တုန်သွားကာ
"ဘာ..ဘာကိစ္စသူနဲ့တွေ့ရတာလဲ""ဘာကိစ္စလည်းဆိုတော့မေမေကပိုသိမှာပေါ့"
"အဲ့တစ်ယောက်သားကိုဘာတွေပြောလိုက်တာလဲ"
"အကုန်ပဲ ထားပါအမေလာမှပဲဆက်ပြောကြတာပေါ့။ အခုသွားစရာရှိလို့ဒါပဲနော်။ ကျွန်တော် အမေလာမဲ့အချိန်စောင့်နေမယ် ပြောစရာတွေလည်းရှိတယ်။"
ရှိုင်းထက် ဖုန်းချသွားတော့ ဒေါ်ထားခင် သူ့ရင်ဘတ်သူဖိရင်း
"ဘာလဲ ဝင့်ဝါအကုန်ပြောပြလိုက််တယ်ဆိုပါလား။ဦးမိုးထက် ရန်ကုန်မြန်မြန်ပြန်မယ်""ခင်ကလည်းပြောတော့ နောက်သုံးလေးရက်
နေအုံးမယ်ဆို""မနေနိုင်တော့ဘူး။ သားရဲ့သတင်းတွေလည်းဒီလောက်ဟိုးလေးတကျော်ဖြစ်နေတာဒီတိုင်းတော့ထိုင်မနေနိုင်ဘူး.."
*****"ကိုထက်"
"Baby အဆင်သင့်ဖြစ်ပြီလား"
"ဟုတ် ကိုကြီးကိုတော့ဖြူလင်းဆီလွှတ်လိုက်ပြီ"

YOU ARE READING
My Love Story (Completed)
Romance( My First Fiction)💙 ပေါ့ပေါ့ပါးပါး လေးနဲ့ Romance ဆန်ဆန်လေးပဲသွားမှာပါ စိတ်အပန်းဖြေပြီး အကြည်ဓာတ်လေးတွေရချင်ရင် ဖတ်ကြည့်ကြပါနော်❤ Start Date - 22.2.2021 End Date -17.7.2021