Uni.....
My Love Story (အပိုင်း ၃၃)
စိုင်းနောင်ကိုရေပတ်တိုက်ပေးဖို့အကျီချွတ်ပေးနေတုန်း...အဖျားကြီးနေတဲ့
စိုင်းေနာင်က ဂုဏ်ရောင်လက်ကိုဆွဲရင်း
"မေမေ သားကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့"ဆိုကာ ငိုသည်။ဂုဏ်ရောင်က စိုင်းနောင်ရဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားပေးပြီး...ကျန်တဲ့လက်တစ်ဖက်နဲ့ ခေါင်းလေးကိုညင်သာစွာပွတ်သပ်ပေးလိုက်မှ ပြန်ငြိမ်ကျသွားသည်။
"မင်းမှာဘယ်လိုကိစ္စတွေများရှိခဲ့လို့လဲကွာ"
အင်္ကျီချွတ်လိုက်တော့ ဖြူဖွေးနေတဲ့ အသားအရေလေးပေါ်လာကာ
ချွေးတွေလည်းအနည်းငယ်ထွက်နေသည် ။သေသေချာချာလေး ဂရုတစိုက်
နဲ့ရေပတ်တိုက်ပေးလိုက်သည်။ဂုဏ်ရောင့်ဘဝမှာသူများကိုအခုလိုရေပတ်တိုက်ပေးတာပထမဆုံးပင်။ခဏကြာတော့ ဆရာဝန်ရောက်လာကာ ကြည့်ရှူပေးသည်။
"သက်သာသွားမှာပါ စဖျားထဲကကုရင်ဒီလောက်ဆိုးမှာမဟုတ်ဘူး။
ဒီညသေသေချာချာလေးဂရုစိုက်ပေးလိုက်ပါ...။
ဒီတိုင်းတော့ပစ်မထားနဲ့နော်...အဖျားကပြန်တက်နိုင်တယ်။ ရေပတ်လေးလည်းတိုက်တိုက်ပေး.. ဒီရက်ပိုင်းထမင်းမစားခိုင်းနဲ့အုံး
ဆန်ပြုတ်လေးပဲတိုက်ပေး"ဆရာဝန်ပြန်သွားတော့ ရှိန်းစက်က
"အဲ့ဒါ အစ်ကိုတို့ရဲ့မိသားစုဆရာဝန်လား...""ဟုတ်တယ်"
"ဒါနဲ့လေ အစ်ကိုက စိုင်းနောင်နဲ့ဘယ်လိုလုပ်သိတာလဲ..."
"ပြောရရင်တော့ နည်းနည်းကသိကအောင့်ဖြစ်စရာကြီး.... ခင်တဲ့ဆက်ဆံရေးမဟုတ်ပါဘူးသိရုံလောက်ပါပဲ"
"ဟင် ဘယ်လိုမျိုး..."
"အစ်ကိုကသူ့ကိုအမှားတစ်ခုလုပ်ထားမိတာ
အဲ့ဒါပြန်တောင်းပန်ချင်လို့ လာတာ။ဒါနဲ့သူ့မိဘတွေရော...""စိုင်းနောင် ရဲ့မိဘလား ဘယ်လိုပြောရမလဲတောင်မသိဘူး...။
အမေကတော့ဆုံးသွားပြီ သူ့အဖေကနောက်မိန်းမယူထားတာ။ အဲ့ဒါသူနဲ့သူ့အဖေက ကွိုင်အမြဲတက်တယ်လေ နောက်တော့အခုလိုအိမ်ကထွက်လာတဲ့အထိဘဲ။ဘာပြဿနာတွေဖြစ်လဲတော့ကျွန်တော်လည်းသေချာမသိဘူး။"

YOU ARE READING
My Love Story (Completed)
Romance( My First Fiction)💙 ပေါ့ပေါ့ပါးပါး လေးနဲ့ Romance ဆန်ဆန်လေးပဲသွားမှာပါ စိတ်အပန်းဖြေပြီး အကြည်ဓာတ်လေးတွေရချင်ရင် ဖတ်ကြည့်ကြပါနော်❤ Start Date - 22.2.2021 End Date -17.7.2021