My love story part 18

9K 542 6
                                    

Uni....

My Love Story (အပိုင်း၁၈)

"ကိုထက်....၂၉ရက်နေ့ကျရင် ရှန်ဟိုင်းသွားရမယ်ဆို..."

"ရှိန်းဘယ်လိုသိလဲ ခန့်ထည်ပြောပြတာလား..."

"ဟုတ်တယ်ဖုန်းဆက်ပြောတာ.....ကိုထက်ကမသွားချင်ဘူးလုပ်နေတယ်ဆို"

"အဲ့ကောင်ကတော့..."

"ဘာဖြစ်လို့မသွားချင်တာလဲ..."

"သွားရင် အလုပ်ကိစ္စတွေပါဆက်ပြီးကြာနေမှာစိုးလို့။"

ခန့်​ထည်ကရအောင်ပြောပေးပါဟုအကူအညီတောင်းထားတာကြောင့် ရှိန်းစက်လည်း ရှိုင်းထက်အားဖျောင်းဖျရပေမည်။
"သွားလိုက်ပါ ကိုထက်မိဘတွေက စိတ်မကောင်းဖြစ်နေမှာပေါ့..."

ရှိုင်းထက် ရှိန်းစက်လက်လေးကိုကိုင်လိုက်ကာ
"ရှိုန်းရောလိုက်ခဲ့ပါလား...အဲ့ဒါဆို"

"မရဘူးလေ မေမေတို့ကို ဘယ်လိုပြောရမှာလဲ
ပြီးတော့ကိုကြီးလည်း ပြန်လာတော့မှာ။"

မျက်နှာသိပ်မကောင်းသည့် ရှိုင်းထက်ပါးလေးကို ဖွဖွကိုင်ရင်း
"ဘာဖြစ်နေတာလဲ အရင်လည်းလုပ်နေကျအလုပ်တွေပဲကို။"

"ရှိန်းက ကိုယ့်ကို အရမ်းသွားခိုင်းစေချင်နေတဲ့ပုံပဲ..."

"မဟုတ်ပါဘူးဗျာ...ဒါနဲ့လေ အခုကိုထက်ရဲ့ပုံစံက ကေ​ျာင်းမသွားချင်လို့ ဂျီကျနေတဲ့ ကလေးလေးကျနေတာပဲနော်။ ကိုထက်ကဟိုမှာရောက်နေလည်းဖုန်းဆက်လို့ရတာပဲကို...ကိုထက်သာအားရင် နေ့တိုင်း video call ပြောလို့ရတယ်လေ ကျွန်တော်က အဆင်ပြေတယ်"

ရှိုင်းထက်က သူ့လက်နှစ်ဖက်ကိုဆန့်ထုတ်ရင်း
" လာပါအုန်းကိုယ့်ကိုဖက်ပေးအုံး"

"ကိုထက် တကယ်ကို ကလေးလေးလိုလုပ်နေတာပဲ...ကဲပါ လာလာ baby လေးကိုဖက်ထားပေးပါမယ် ဟုတ်ပြီလား"
ရှိန်းစက်လည်းဖက်ပေးလိုက်သည်။ တင်းကျပ်စွာဖက်ထားတဲ့ခန္ဓာကိုယ်နှစ်ခုကြောင့် ကြားမှာ​ေလတိုးဖြတ်ဖို့ နေရာပင်မရှိ.....။

******
လေဆိပ်တွင်.....

ရှိုင်းထက်က လေယာဥ်ပေါ်မတက်ခင် ရှိန်းစက်အားဖက်ထားတာသည်။
"ရပြီလေ ကိုထက်လွှတ်တော့ လေယာဥ်ချိန်နောက်ကျနေမယ်...."

My Love Story (Completed)Where stories live. Discover now