Uni....
My Love Story (အပိုင်း၁၉)
ဂုဏ်ရောင် ဟိုတယ်ခန်းထဲက မှန်တွေကိုကာထားသည့် လိုက်ကာစကိုဆွဲဖယ်ရင်း
"ဝါး...နောက်ဆုံးတော့မြန်မာပြည်ကြီးဆီကိုပြန်ရောက်လာပြီကွ"ခန့်ထည် ဖန်ခွက်ထဲ ရေငှဲ့ကာသောက်လိုက်ပြီး ပြန်ပြောသည်။
"ပြန်ရောက်လာပြီဆိုရင်လည်းအေးဆေးနေ အရှုပ်တွေမလုပ်နဲ့ "" ဒါနဲ့ ဟိုမှာ ရှိုင်းထက် ဝင့်ဝါနဲ့တွေ့မယ်လို့ထင်လား။"
"ဘယ်သိမလဲတွေ့ဖြစ်ဖို့ကများမယ်ထင်တာပဲ ဝင့်ဝါက သူ့ယောက်ျားနဲ့အတူမတက်တဲ့ပွဲရှားတယ်ဟသတင်းတွေမှာလည်းအမြဲတမ်းတွေ့နေရတာပဲ။ "
ဂုဏ်ရောင်ဆိုဖာရှိရာပြန်လျှောက်လာရင်း ထိုင်လိုက်သည်။
"ဆယ်စုနှစ်နီးပါးကြာသွားပြီဆိုပင်မဲ့ပြန်စဥ်းစားကြည့်တော့လည်း ခဏလေးလိုပဲ....သူတို့နှစ်ယောက်တွေ့ရင်ဘယ်လိုနေမလဲမသိဘူးနော်။မသိချင်ယောင်ပဲဆောင်နေကြမှာလား.... မိတ်ဆွေတွေအဖြစ်ပြန်တွေ့ကြမှာလား။""သိချင်ရင် လိုက်ကြည့်ပါလား...."
"No no အဲ့လိုကိစ္စတွေ ထဲဝင်မပါဘူး....dangerous areaကွ..."
"မင်းကမှ ပိုပြီးdangerous ဖြစ်တာအရှုပ်ထုတ်ကောင်ရဲ့...."
ခန့်ထည်ခေါင်းအုံးအသေးလေးကိုယူကာ ဂုဏ်ရောင်ထံပစ်ပေါက်ရင်းပြော
ေတာ့ ဂုဏ်ရောင်က ထိုခေါင်းအုံးကိုဖမ်းကာပြန်ပြောသည်။"အဲ့လိုအပေါက်ဆိုးနေလို့ ရည်းစားမရတာ။
မဖြစ်သေးပါဘူး ဒီတစ်ခေါက်လာတုန်း တစ်ခါထဲ မင်းကိုလက်တွဲဖော်ရှာသွားပေးရမယ်...""ဘောကို လက်တွဲဖော်လား ကျေးဇူးပြုပြီး ငါ့ကိုတော့လာမရှုပ်ပါနဲ့ကွာ။ငါပြန်တော့မယ်"ဟုပြောရင်း ပြန်ပြေးဖို့ပြင်သည်။
"ဟ ထိုင်တောင်မထိုင်ပဲ ပြန်တော့မလို့လား..."
ခန့်ထည် စားပွဲပေါ်ကသူ့ဖုန်းနဲ့ ကားသော့ကိုကောက်ယူလိုက်ပြီး
" ငါကတော့အိမ်ရှိရဲ့သားနဲ့ ဟိုတယ်မှာမနေနိုင်ဘူး။ ကိုယ့်အိမ်ကိုပြန်မှာ..."ပြောကာ ချက်ချင်းထွက်သွားတော့သည်။" ရည်းစားလေးရှာပေးမယ်ပြောတာနဲ့ တန်းပြေးတော့တာပဲ။တစ်သက်လုံး Fa ဖြစ်မယ့်ကောင်..."
ဂုဏ်ရောင် ရေရွတ်ရင်း ရယ်မောကာကျန်နေခဲ့လေသည်။

KAMU SEDANG MEMBACA
My Love Story (Completed)
Romansa( My First Fiction)💙 ပေါ့ပေါ့ပါးပါး လေးနဲ့ Romance ဆန်ဆန်လေးပဲသွားမှာပါ စိတ်အပန်းဖြေပြီး အကြည်ဓာတ်လေးတွေရချင်ရင် ဖတ်ကြည့်ကြပါနော်❤ Start Date - 22.2.2021 End Date -17.7.2021