My love story part 14

12.1K 678 6
                                    

Uni...

My love Story (အပိုင်း ၁၄)

တစ်နေကုန်လျှောက်လည်ပြီး ညနေစောင်းမှ ရှိန်းစက်တို့အိမ်ပြန်လာကြသည်
"ရှိန်းလေး...ဒီနေ့ လျှောက်လည်ရတာပျော်လား။"

"အင်း ပျော်တယ်......"

"ကိုယ်လည်း ဒီနေ့အရမ်းအရမ်းပျော်တယ် သိလား...."

"အဲ့ဒါဆို အရင်တုန်းကကျွန်တော်နဲ့အတူရှိတုန်းကမပျော်ဘူးပေါ့..."
ရှိန်းစက်၏ကလေးဆန်သည့် အကျင့်ကပေါ်လာကာရစ်လိုက်သည်။

"အဲ့လို မဟုတ်ဘူးလေ...အရင်ကလည်းပျော်တယ်။ အခုကတော့ ကိုယ့်ကောင်လေးနဲ့လျှောက်လည်နေရတာပါလားဆိုတဲ့စိတ်နဲ့ဆိုတော့ ပိုပြီးတော့ပျော်တယ်။"

ရှိန်းစက် ပြုံးချင်နေတဲ့ နှုတ်ခမ်းတွေကိုအရှိန်သတ်လိုက်ကာ
"အရူး..."ဟုပြောတော့

ရှိုင်းထက်က ရှိန်းစက်လက်လေးအား ဆွဲကာ သူ့ရင်ဘတ်ပေါ် တင်လိုက်ပြီး
"ဟုတ်တယ်...အချစ်ရူး ရူးနေတာလေ။"

"bye bye အိမ်ထဲဝင်တော့မယ်..."
ရှိန်းစက် ရှက်ရှက်နဲ့ကမန်းကတန်း ပြောလိုက်သည်။

"ညကျရင် ဖုန်းဆက်ခဲ့မယ်နော်။"

"Ok"

ရှိန်းစက် အိမ်ထဲသို့ဝင်သွားသည်နှင့် ခန့်ထည်ဆီမှ ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်သည်။

"Hello ရှိုင်းထက် ကုမ္ပဏီကို လာခဲ့အုံး။
မင်းလက်မှတ်ထိုးစရာ ပရောဂျက်တစ်ခုရှိသေးတယ်။"

"အင်း အခုလာခဲ့မယ်...."

******

ရှိုင်းထက် သူ့အလုပ်သူလက်စသတ်လိုက်ပြီး

"ဒါပဲလား....တစ်ခြားဘာကိစ္စအထွေအထူးရှိသေးလဲ။"

"No....မင်းဒယ်ဒီ ဟိုဘက်က ကိစ္စတွေပြီးပြီမလား။"

" လကုန်ခါနီး လောက်ဖွင့်ပွဲလုပ်ဖြစ်တော့မှာ...အကုန်ပြီးသလောက်ရှိနေပြီ။"

"Ok..."

ရှိုင်းထက် ဖိုင်တွဲအား ခန့်ထည်ဆီ လှမ်းပေးလိုက်ရင်း
"အဲ့ပွဲကို မင်းပဲသွားလိုက်တော့...."

ခန့်ထည် ရှိုင်းထက် အားရူးနေလားဆိုသည့်သဘောဖြင့် ကြည့်လိုက်ရင်း
"ရူးနေလားမင်းတို့ကုမ္ပဏီက ဖွင့်တဲ့ လေဆိပ်ဖွင့်ပွဲလေ...."

My Love Story (Completed)Where stories live. Discover now