Uni....
My Love Story (အပိုင်း ၁၆)
ခန့်ထည်နဲ့ဖုန်းပြောပြီး ရှိုင်းထက်ကဖုန်းကိုဘေးချလိုက်တာကြောင့်
"ကိုထက် လိုင်းဖွင့်ပြီး video call မပြောဘူးလား။""ကိုယ်က ဂုဏ်ရောင်နဲ့ စကားပြောနေရင် ရှိန်းကပျင်းနေမှာပေါ့ ပြီးတော့ ဂီတာတီးသင်နေတဲ့ဟာကို...."
"ဂီတာတီးက နောက်နေ့မှသင်လို့ရပါတယ်။
ကျွန်တော်လည်း ကိုထက်သူငယ်ချင်းကိုတွေ့ဖူးချင်လို့...""ဟုတ်ပြီ ..အဲ့ဒါဆိုကိုယ် ကွန်ပျူတာယူလိုက်အုံးမယ်"
ရှိုင်းထက်လည်းကွန်ပျူတာထုတ်ပြီ ဂုဏ်ရောင်နဲ့ video call ပြောတော့သည်။"Hello ရှိုင်းထက် ...woo ဘေးကတစ်ယောက်က မင်းအိမ်တောင်ရောက်နေတာလား"
ဂုဏ်ရောင်ကပြုံးစိစိဖြင့်ကြည့်လာတာကြောင့်"ဘယ်လိုတွေကြည့်နေတာလဲ အကြည့်တွေအရင်ပြင်...ရှိန်းရဲ့ အိမ်က အရှေ့မှာပဲ ငါသူ့ကိုဂီတာတီးသင်ပေးနေတာ..မင်းလာရှုပ်လို့။"
"ခန့်ထည်ပြောတာမှန်သားပဲ။ အရမ်းတွန့်တိုတယ်ဆိုတာ...နည်းနည်းလေးကြည့်မိတာတောင်အပြောခံရတယ် "
ဂုဏ်ရောင် ရှိုင်းထက်ကိုခဏခေါက်ထားလိုက်ကာ ရှိန်းစက်ကိုကြည့်ရင်း
" ကိုယ့်ဘာသာပဲမိတ်ဆက်လိုက်ပါမယ်။ ညီေလးကရှိန်းစက်မလား အစ်ကို့နာမည်ကဂုဏ်ရောင် ရှိုင်းထက်ရဲ့ best friend..."ရှိန်းစက်လည်း ခေါင်းလေးငြိမ့်ပြလိုက်ပြီး
" ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်
ကျွနတော့်နာမည်ရှိုန်းစက်ပါ...""ရှိန်းစက်က တကယ်ချောတာပဲရှိုင်းထက်လို လူမျိုးကိုတောင်ကွေးအောင် လုပ်နိုင်တယ်...အစ်ကို ပထမဆုံးကြားတုန်းကယုံတောင်မယုံနိုင်ဘူး။ ရှိန်းစက်ရဲ့ပုံကိုမြင်တော့မှပဲယုံသွားတာ..."
ရှိန်းစက်ပြုံးကာ သူ့ဂုတ်ပိုးလေးသူပွတ်လိုက်ရင်း
"အဲ့လောက်လဲမဟုတ်ပါဘူး အစ်ကိုကတောင်ပိုချောသေးတယ်"" မဟုတ်တာ ညီလေးကပို"
ဂုဏ်ရောင်ပြန်ငြင်းချိန်တောင်မရရှိုင်းထက်ကဝင်ပြောသည်။
"တော်တော့ ဆက်မပြောနဲ့တော့ ငါ့ရှိန်းလေးချောတာငါသိတယ်။ ဒါနဲ့ မင်းကအခုUS မှာတော်တော် ခြေငြိမ်နေတယ်နော်...ပြန်မလာတော့ဘူးလား။"

ESTÁS LEYENDO
My Love Story (Completed)
Romance( My First Fiction)💙 ပေါ့ပေါ့ပါးပါး လေးနဲ့ Romance ဆန်ဆန်လေးပဲသွားမှာပါ စိတ်အပန်းဖြေပြီး အကြည်ဓာတ်လေးတွေရချင်ရင် ဖတ်ကြည့်ကြပါနော်❤ Start Date - 22.2.2021 End Date -17.7.2021