Uni....
My Love Story အပိုင်း၂၅
"ကျွန်တော် မနက်ဖြန် ရန်ကုန်ပြန်မယ်။"
ပွဲပြီးပြီးချင်းရှိုင်းထက် ပြန်ဖို့ပြောနေတာကြောင့်
"သား တစ်ပတ်လောက်တော့နေပါအုံးလား။မင်းအမေကလည်း ပြန်လွှတ်မှာမဟုတ်ဘူး.."ဒေါ်ထားခင်ကလည်း အနားလျှောက်လာကာ
"သားကလည်း ဘာလို့ပြန်မှာလဲနေပါအုံး
အမေတို့နဲ့။""ဟိုကအလုပ်တွေလွှတ်ကုန်မှာစိုးလို့"ရှိုင်းထက် ရိုးရှင်းပေမဲ့ ယုတ္တိမရှိသော အဖြေအားပေးသည်။
"အဲ့မှာခန့်ထည်ရှိနေတာပဲ သားရယ်...."
ရှိုင်းထက် သူ့အမေအပြောကို ရိုသေစွာခေါင်းညိတ်ပြီးမှ ဆက်ပြောသည်။
"သူတစ်ယောက်ထဲဆို အလုပ်တွေအရမ်းများနေမှာ။ ပြီးတော့ ချင်းပြည်နယ်က ထန်တလန်မြို့ ကိုလည်းသွားဖို့ရှိတယ်။
အဲ့က မိဘမဲ့ကျောင်းကို လိုအပ်တာတွေသွားလှူမှာ ပြောထားပြီးတာကိစ္စဖြစ်နေပြီ။အဲ့ဒါထန်တလန်ရောက်ဖူးချင်လို့ ကျွန်တော်ကိုယ်တိုင်လိုက်သွားမလို့!marketing အပိုင်းကလူတွေကိုပါ အပန်းဖြေဖို့ ခေါ်သွားမှာ...သူတို့ဒီနွေရာသီမှာ ရောင်းအောင်တက်အောင်ကြိုးစားပေးထားတာ။နားရက်တောင် တစ်ခြားအပိုင်းကဝန်ထမ်းတွေလောက်မရထားဘူး။"ဒေါ်ထားခင် သူ့သားဘေးနားဝင်ထိုင်ရင်း
"မေမေကသားကို အိမ်ထောင်ဖက်တွေ့ပေးဖို့စီစဥ်ထားတာ...တစ်ယောက်လောက်တွေ့ပြီး...""အိမ်ထောင်ဖက်ကတွေ့စရာမလိုပါဘူး။
ကျွန်တော်ကို။ယ်ဘာသာကြည့်စီစဥ်ပါ့မယ်"ရှိုင်းထက်အမြန်စကားဖြတ်ပြောလိုက်သည်သူ့အမေက သက်ပြင်းချကာ
"ဘယ်တော့လည်း အဲ့စီစဥ်မယ်ဆိုတာက...
အခုအသက်က ၂၅နှစ်ပြည့်တော့မယ်နော်...""၂၅နှစ်ကငယ်ပါသေးတယ်မေမေရယ်။
မေမေတို့နားတော့လေ ပင်ပန်းနေတယ်မလား။ကျွန်တော်လည်းသွားနားတော့မယ်..."ဟု ပြန်ပြောကာ သူ့အခန်းသူအမြန်ထွက်လာလိုက်သည်။ရှိုင်းထက်ထွက်သွားသည်နှင့် ဒေါ်ထားခင် ချက်ချင်းဖုန်းကောက်ကိုင်သည်။
"မဖြစ်သေးပါဘူး ခန့်ထည်ကိုဖုန်းဆက်မေးရမယ်...."

YOU ARE READING
My Love Story (Completed)
Romance( My First Fiction)💙 ပေါ့ပေါ့ပါးပါး လေးနဲ့ Romance ဆန်ဆန်လေးပဲသွားမှာပါ စိတ်အပန်းဖြေပြီး အကြည်ဓာတ်လေးတွေရချင်ရင် ဖတ်ကြည့်ကြပါနော်❤ Start Date - 22.2.2021 End Date -17.7.2021