Ep 4 (Bring the pain)🚨🚨

4.8K 302 35
                                    

Uni

အလုပ်အကြောင်းဆွေးနွေးဖို့ seok jin နဲ့ jung kook ရုံးခန်းသို့တတ်သော ဓာတ်လှေကားလေးထဲအတူဝင်လာကြသည်........။ တံခါးပိတ်သွားပီးအပေါ်ကိုတတ်သွားသည့် ဓာတ်လှေကားလေးနှင့်အတူ jungkook စိတ်တွေလဲ ဂနာမငြိမ်နေပေ......။တိတ်ဆိတ်နေသော လေထုကိုဖြိုခွင်းရန်တစ်ခုခုစကားစပြောဖို့ကြိူးစားနေချိန်ရပ်တန့်သွားသော လှေကားကြောင့် သူ့ကိုလှည့်ကြည့်လာသော ထိုလူသား........။ရပ်တန့်သွားသော လှေကားနှင့်အတူ မီးတွေပါပိတ်ကုန်သည်.......။

Jin -ငါ ငါကြောက်တယ်

ဟင်........မျက်စိရှေ့က ခန့်ညားနေပီး တည်တည်တင်းတင်း ရုပ်ရည်ပိုင်ရှင်ထိုလူသားသည် အချိန်ခဏလေးအတွင်းတွင် နူးညံ့ပျော့ပျောင်းသွားသည့်အလား....သူ့လက်မောင်းကိုကိုင်ကာ စကားဆိုလာသည်.....။

Jk -အမှောင်ကြောက်တာလား

Jin -omm

Jk -မကြောက်နဲ့နော် ဘာမှမဖြစ်ဘူး ကျွန်တော်ရှိတယ်

အသက်ရူမြန်လာပီး တုန်ယင်နေသော လူသားလေးလက်ကို တင်းတင်းဆုပ်ပီး ကျောပြင်ကျယ်ကျယ်လေးကိုပုတ်ပေးနေခဲ့သည်........။

Jk -ဘာမှမဖြစ်ဘူး မကြောက်နဲ့ ခဏနေ ပြန်လင်းလာလိမ့်မယ်

Jin- ဟင်

Jungkook နှစ်သိမ့်ပေးသောစကားတို့သည် seok jin ရင်ထဲနွေးခနဲဖြစ်စေသည်.......။မေမေမရှိတော့တဲ့နောက်ပိုင်းထဲက ယခုကဲ့သို့သူ့ကိုဘယ်သူမှမချော့ခဲ့ဖူးတော့ပေ......အလုပ်နှင့်သာအမြဲအချိန်ကုန်နေခဲ့ပီး သူ့ကိုပါအလုပ်နွံထဲဆွဲသွင်းခဲ့သော အဖေနှင့် သူ့ကိုချစ်တယ်လို့သာပြောနေပီး သူ့စာတွေလောက်ဘယ်တုန်းကမှအရေးမပေးခဲ့ဖူးသော မောင်သာသူ့အနားမှာရှိနေခဲ့သည်......။ သူဟာ သန်မာချင်ယောင်ဆောင်နေရပီး အတွင်းထဲမှာတော့ စိတ်ကြိုက်ပြိုလဲပစ်ချင်နေတဲ့ လူတစ်ယောက်သာ.........။

အချိန်အကြာကြီး သူ့ကိုမော့ကြည့်ပီးတစ်ခုခုတွေးနေပုံပေါ်သောထိုလူသားသည် လှပသည်.....။မျက်ရည်ကြည်လေးတွေဝေ့တတ်နေသော မျက်လုံးတို့သည်အမှောင်ထဲမှာပင်တောက်ပနေသည်......။အစိတ်အပိုင်းတစ်ခုချင်းဆီက လှပနေပီး အလှဆုံးက နူတ်ခမ်းလေးပင်ဖြစ်သည်......။အတွေးနှင့်နှစ်မြောနေသူနှင့် အလှနှင့်နှစ်မြောနေသူနှစ်ယောက်တို့သည် တအောင့်အကြာ နူတ်ခမ်းလေးနှစ်ခုပူးကပ်သွားသည်......။ ထိရုံလေးထိထားမိရာမှ အသိဝင်လာကြသော်လည်း နောက်မဆုတ်ဖြစ်ခဲ့..... ။တစ်ယောက်အသက်ရူသံကိုတစ်ယောက်ကကြားနေရပီး ထိုအသက်ရူသံလေးများကပင် နမ်းဖို့တောင်းဆိုနေကြသလိုလိုရှိသည်..... ။နူးနူးညံ့ညံ့အနမ်းမှ ပြင်းရှရှအနမ်းတို့ရောက်သည်အထိ တစ်ယောက်ကိုတစ်ယောက် မတွန်းထုတ်ရက်နိုင်ခဲ့......။

Now ôř Never (Taejinkookmin)Completed Where stories live. Discover now