Ep 14(Just for you)

2.8K 278 41
                                    

Uni

ခွပ် ခွပ် ခွပ်

အိပ်ခန်းထဲ ဝင်လိုက်သည်နှင့် seokjin မျက်နှာကို ၃ချက်ဆင့်ထိုးလိုက်သော မောင်......။

တစ်ချိန်က သူ့ကို နူးနူးညံ့ညံ့ကြည့်ခဲ့ဖူးသော မောင့်မျက်ဝန်းညိုညိုတွေက အခုချိန်မှာတော့ ဒေါသအပြည့်နှင့် စိုက်ကြည့်နေခဲ့သည်....။

နှာခေါင်းကတစ်ဆင့်စိီးကျလာတဲ့ ငံကျိကျိအရည်တွေကို မသုတ်ပစ်ပဲ seokjin မဲ့ပြုံးပြုံးလိုက်မိသည်......။

Tae -မင်း လုပ်ရပ်တွေက အရမ်း အကျည်းတန်လွန်းတယ် kim seok jin

Jin- ဟက် ဟုတ်လား

Tae- တော်လွန်း တတ်လွန်း မာနကြီးလွန်းတဲ့ kim seok jin က သူ့ကိုမချစ်တော့တဲ့ ယောက်ျားတစ်ယောက်ကိုပြန်လိုချင်လို့ အရက်ထဲစိတ်ကြွဆေးခတ်တယ်တဲ့ ဟားဟား မင်း.......အဲ့လိုလုပ်ရုံနဲ့ မင်းဆီ စိတ်ပြန်လည်လာမယ်ထင်နေတာလား

Jin- မထင်ပါဘူး မျှော်လဲမမျှော်လင့်ထားဘူး ပီးတော့ ပြန်လိုချင်လို့လဲမဟုတ်ဘူး....

Tae -ဘာ! ဒါဆို ဘာလို့

Jin -မောင်က အစထဲက seokjin အပိုင်မို့လို့လေ

Tae- မင်း ရူးနေပီလား ဟမ်

Jin -မရူးဘူး လူံးဝမရူးဘူး ရူးနေတာကမောင်.... မောင်သာ သူ့ကိုပဲမြင်နေတာမျက်စိထဲမှာ မောင်သာ သူ့အတွက်နဲ့ရူးနေတာ

Tae -မောင်က တကယ်လို့ သူ့ကိုရူးတယ်ဆိုရင်တောင် အဲ့လိုအရူးအမူးဖြစ်သွားအောင် တွန်းပို့ခဲ့တဲ့တရားခံက မင်းကိုယ်တိုင်ပဲလေ kim seok jin

Jin- ဘာ! အခု မောင်က မောင့်အပစ်ကို seokjin ဆီလွှဲချနေပီပေါ့ ဟုတ်လား

Tae- သေချာပြန်စဥ်းစားစမ်းပါဦး မင်းနဲ့ငါ ဘယ်သူအရင်ဖောက်ပြန်ခဲ့တာလဲဆိုတာ...... ဟမ် kim seok jin မင်းကိုယ်မင်းသိလေ

Jin -အဲ့ဒါ အဲ့ဒါကဖောက်ပြန်ရုံသက်သက်ပဲလေ..... seokjin ကမောင့်လိုတော့ စိတ်ခံစားချက်တစ်ခုထဲအတွက်နဲ့ ၃နှစ်ကျော်ဆောက်တည်လာတဲ့ seokjin တို့အိမ်ထောင်ရေးကိုဖျက်ဆီးဖို့မတွေးခဲ့ဖူးဘူး

Tae -အဲ့ ၃နှစ်အတွင်းမှာ မင်းရော ငါရော ဘယ်လောက်ပျော်ခဲ့ရလို့လဲ.... ?

Now ôř Never (Taejinkookmin)Completed Where stories live. Discover now