10 (U+Z)

16.9K 1.6K 31
                                    

[Unicode]
ဂေဟာက ကလေးတွေအကုန် နေ့ခင်းနေ့လယ် တစ် ရေးတမော အိပ်ကုန်ကြပြီဆိုတော့ ဂေဟာလေးမှာ အသံတွေ တိတ်ဆိတ်နေသည်။ ပိုကဲလေးကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဆိုတော့ ပြည့်လျှံတို့က အိမ်ပြန်ဖို့ အလုပ်ပဲ ရှိတော့သည်။

"ရွှေပိုး .. ပြန်တော့မှာ မဟုတ်လား"

"ဟုတ်၊ မပြန်ခင် ဦးလျှံကို ဂေဟာမှူးနဲ့တွေ့ပေးဦးမယ်"

"အဲ့ဒါဆို ဂေဟာမှူးဆီ သွားကြမလား"

"ဟုတ်"

ဂေဟာက မပြန်ခင်မှာ ရွှေပိုးက ပြည့်လျှံကို ဂေဟာမှူးဆီ ခေါ်သွားပေးသည်။ ဂေဟာမှူး နေထိုင်တဲ့အခန်းက ရုံးခန်းပုံစံလုပ်ထားပေမယ့် သွပ်မိုးထရံကာမို့ သစ်လွင်နေတာမျိုးမရှိ။ အခန်းတွင်း ပရိဘောဂက အရောင်မှိန် ဟောင်းနွမ်းနေပြီ။ အမြင်နဲ့ပြောရရင် ဒီဂေဟာဟာ ကူညီထောက်ပံ့မှုတွေ အများကြီး လိုအပ်နေတဲ့ ဂေဟာတစ်ခု။

"ဦးမျိုးရေ ..ဧည့်သည် ပါတယ်ဗျ"

အခန်းက လူသံတိတ်ဆိတ်နေတာမို့ ဘေးက ရွှေပိုးက အခန်းပေါက်ဝမှာပဲ တစ်ယောက်ယောက်ကို အသံပြု ခေါ်လိုက်သည်။ အတွင်းခန်းထဲကနေ ထွက်လာတာက အသက် ၅၀ ဝန်းကျင်ရှိတဲ့ အသားညိညို ပိန်ပိန်ပါးပါး ယောင်္ကျားတစ်ယောက်။ ဒီဦးလေးကိုပြည့်လျှံ မြင်ဖူးသည်။ ဒီဦးလေးက မနက်တုန်းကပြည့်လျှံကို လမ်းညွှန်ပေးခဲ့တဲ့ တစ်ယောက်ပဲ။

"ဦးမျိုး ..ဒါက ကျွန်တော့်အသိ.. ဦးဘုန်းပြည့်လျှံလို့ ခေါ်တယ်"

"ဪ..ထိုင်..ထိုင်..နှစ်ယောက်စလုံး ထိုင်ကြဦး"

ဧည့်ခန်းလို ဝင်ဝင်ချင်းအခန်းမှာ စားပွဲတစ်လုံးနှင့် ခုံတန်းရှည်ကို ချထားတာဆိုတော့ ပြည့်လျှံလည်း ကိုယ့်ရှေ့က ခုံတန်းမှာပဲ ရွှေပိုးနှင့် ဘေးချင်းကပ်ထိုင်လိုက်သည်။

"ဦးလျှံ..ဒါက ဂေဟာမှူး ဦးမျိုးညွန့်လို့ ခေါ်တယ်၊ ဦးမျိုးက ဒီမှာပဲ နေတာ၊ ဦးလျှံ လှူချင်တာမှန်သမျှ ဦးမျိုးဆီမှာ စိတ်ကြိုက်လှူလို့ ရတယ်"

ရွှေပိုးက ကြားကနေ မိတ်ဆက်ပေးလာတာမို့ ပြည့် လျှံလည်း ဦးမျိုးညွန့်နှင့် အကြည့်ဆုံကာ ဖော်ရွေစွာ ပြုံးပြလိုက်သည်။

Turn To You [Completed]Where stories live. Discover now