12 (U+Z)

14.7K 1.5K 22
                                    

[Unicode]
Catering Flight မှာ ဘုန်းပြည့်လျှံက ထက်ပိုင်နဲ့ ဖုန်းပြောပြီးတာနဲ့ ကားရပ်ထားတဲ့နေရာကို ထွက်လာလိုက်သည်။ ရွှေပိုးက ကိုယ့်အရှေ့ကအရင် ပြေးထွက်သွားတာဆိုတော့ ကားပါကင်မှာ မတ်တပ်ရပ်ကာ ပြည့်လျှံအလာကို ရပ်စောင့်ပေးနေသည်။

"ရွှေပိုး ..ဒီမှာ ကလေးရဲ့ ဖုန်း .. Flight ပေါ်မှာ ကျန်ခဲ့တာ"

"ဟင် ! ဟုတ်လား ဦးလျှံ"

"မင်းသူငယ်ချင်း ဖုန်းဆက်လာလို့ သူနဲ့စကားပြောလိုက်သေးတယ်"

"ဟုတ်လား ဦးလျှံ၊ ထက်ပိုင်နဲ့လား "

"အင်း "

ဦးလျှံက စကားကို တိုတိုတုတ်တုတ်ပြောကာ ကားကို remote တစ်ချက်နှိပ်ပြီး ဖွင့်လိုက်သည်။ မှူးလည်း lover seat မှာ ဝင်ထိုင်လိုက်ကာ ခေါင်းထဲမှာလည်း အတွေးတွေနဲ့။ ထက်ပိုင်နဲ့ ဦးလျှံ ဘာတွေပြောဖြစ်ကြလဲ။ ထက်ပိုင်က ဦးလျှံကို အမြင်ကြည်လင်တာမဟုတ်ဘူးဆိုတော့ နှစ်ယောက်က စကားများရန်ဖြစ်ကြသေးလား။ ထက်ပိုင်မေးလာနိုင်တဲ့ မေးခွန်းတွေကို မှူး ဘယ်လိုပြန်ဖြေရမလဲ။

"ရွှေပိုး .. "

ပြည့်လျှံလည်း ကားကိုမောင်းမထွက်ခင် ကလေးကို တစ်ချက်ပြန်ကြည့်ဖြစ်သည်။ ကလေးက ခါးပတ်ကြိုးတပ်ဖို့လည်း မေ့နေသလို အကြောင်းအရာတစ်ခုခုကို တွေးနေပြီးတော့ ဖုန်းကိုသာ လက်ထဲမှာ ခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားတာ။ ပြည့်လျှံလည်း ဒီကလေး ဘာတွေးနေလဲဆိုတာ ခန့်မှန်းကြည့်နိုင်နေပြီ။ ထိုင်ခုံခါးပတ်ကြိုးကို လှမ်းဆွဲယူကာ ပတ်ပေးပြီးတဲ့အထိ ရွှေပိုးက ကိုယ့်ကို သတိမထားမိသေးတာ။

"ရွှေပိုး .. ဘာတွေးနေတာလဲ ကလေး"

"ဟင် ! ဦးလျှံ"

မှူးရဲ့ ပါးတစ်ဖက်ကို လက်ဖဝါးခပ်ကြီးကြီးက ထိကပ်လာတော့မှ မှူးလည်း သတိပြန်ဝင်သွားသည်။ ဦးလျှံက မှူးကို အနီးကပ်လေး ပြုံးကြည့်နေတာ။ မှူးလည်း ဘာစကားမှ ပြန်မပြောခင် လူကြီးကို ပြန်ငေးကြည့်နေမိ သည်။ လူကြီးက မှူးရဲ့ မျက်နှာကို အနီးကပ်လေး ဝေ့ဝဲကြည့်လာသည်။

"ဘာတွေတွေးနေတာလဲ ကလေး"

"ဘာမှမဟုတ်ပါဘူးဗျ၊ ဒီလိုပဲ ဟိုအကြောင်း ဒီအကြောင်း၊ ဒါနဲ့ .. ဦးလျှံ ကားစက်နှိုးထားတာ မဟုတ်လား၊ မောင်းတော့လေ"

Turn To You [Completed]Where stories live. Discover now