Part 5 (Zg)

336 21 1
                                    

ကမ္ဘာတစ်ဖက်ခြား
Parrt 5

အတူ ရှိနေတဲ့လူကို လွမ်းနေတယ်ဆိုရင် ခင်များတို့ ယုံမလား?
ဟုတ်ပါတယ်... ရူးတယ်ပဲ ဆိုရင်ဆို
ကျွန်တော်နဲ့... အတူတူရှိနေတဲ့လူကို အရမ်းလွမ်းနေမိတယ်.......
****

သူ့ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးနေတဲ့ သူ့ဘေးက ကိုလူချောကို နားမလည်နိုင်စွာ လှည့်ကြည့်နေမိသည်...

ကြယ်ရောင်စုံနေသော ကောင်းကင်ကို ငြိမ်သက်စွာမော့ကြည့်နေသည့် ရိပေါ်ဆိုသော သူ၏
ပြီးပြည့်စုံအောင် ချောမောလှသည့် ရုပ်ဆင်းအင်္ဂါ ၊ ဖြူဝင်းနေသည့် လည်တိုင်ကြီးနှင့်
ယောကျာ်းပီသစွာ ကြီးမားလှသည့် လည်စလုတ်ကြီးကို ဘေးတိုက်အနေအထား ငေးကြည့်နေမိသည်...

ထိုသူဟာ သူ့အစ်ကိုကို ဘယ်လောက်များတောင် ချစ်လိုက်သလဲ? ဒီဘက်ခေတ်က လူတွေဟာ
အရမ်း ဂရုစိုက်ပြီး ချစ်တတ်ကြတာပဲ....

သူ့စိတ်ထဲ ဒီခန္ဓာကိုယ်ပိုင်ရှင်ကို အားနာပြီး ဟန်ဆောင်နေမိတာကို ရှက်ရွံ့မိသည်... သို့သော်
လည်း သူ...ဘယ်လိုလုပ် တတ်နိုင်ပါ့မလဲ? သူ... ဝန်ခံလိုက်ရင်ရော... သူ့ကို ဒီအိမ်ကနေ မောင်းထုတ်လိုက်မှာလား?

ဟင့်အင်း.... ဒီလောကကြီမှာ.. သူ....သိနားလည်တာ တစ်ခုမှ မရှိလို့ ဒီနေရာကနေ ထွက်မသွား
ရဲဘူး.... ပြီးတော့ သူ့ကို အရမ်းချစ်ပြီး ဂရုစိုက်ကြတဲ့ ဒီခန္ဓာ ပိုင်ရှင်ရဲ့ မိသားစုဆီက ထွက်မသွား
ချင်ဘူး.....

"ကိုကို.... ''

ရိပေါ် ...ခေါ်လိုက်သံကြောင့် အတွေးတွေနဲ့ ယောက်ယက်ခတ်နေသော ရှောင်းကျန့်ကိုယ်လေး
တုန်တက်သွားပြီး ငေးမောနေရာမှ ခေါင်းကို ပြန်လှည့်လိုက်သည်...

သူ..... ပြန်မထူးမိသောကြောင့် သူ့အား စောင်းငဲ့ကြည့်လာသဖြင့် ကဗျာကယာ ပြန်ကြည့်လိုက်သည်...

"နောက်နေ့ကျရင်.. ကျွန်တော်နဲ့ အပြင်လိုက်ခဲ့မလား? ...''

"ဟင်... တကယ်လား....လိုက်မယ်... လိုက်မယ်....ဒါပေမယ့် အပြင်မှာက ထူးဆန်းတာတွေ
အများကြီးပဲ... ရိပေါ်လက်ကို... ကိုကို ကိုင်ထားလို့ရမလားဟင်... ''

ကမ္ဘာ တစ်ဖက်ခြားWhere stories live. Discover now