အခန်း (၁)

810 41 2
                                    

I Only Like Your Character Settings

အခန်း () မရိုးသားခြင်း

အရက်နာကျတယ်ဆိုတာက ဘဝမှာတကယ့်ကို အကြီးအကျယ် ဒုက္ခရောက်စေဆုံးအရာပဲ

အကယ်၍ alcohol မှာသာဒီလိုမျိုး
ဆိုးရွားတဲ့ side effects တွေမရှိဘူးဆိုရင် သူအများကြီးသောက်ရတာကိုပိုကြိုက်လိုက်မယ် လို့
ကော်ဇော်ပေါ်မှာမှီနေပြီး သူ့ရဲ့မျက်လုံးများကိုဖွင့်ဟထားတဲ့ Xia Xiqing တွေးနေမိတယ် ။ အင်တင်တင်နှင့်ဖြင့်သာ ထ ရပ်လိုက်ပြီး ကိုက်ခဲနေသောခေါင်းနှင့်သာ ဆိုဖာပေါ်မှာထိုင်လိုက်တယ် ။ ကော်ဖီစားပွဲပေါ်ကအကိုက်အခဲပျောက်ဆေး ကိုတွေ့တော့သူ အဲ့ဒါကိုသောက်လိုက်ပြီးအဲ့ဒီနောက်မှတော့ သူရဲ့ဖုန်းကိုထုတ်အချိန်ကိုကြည့်လိုက်တော့

1:24 PM.

alcohol ကြောင့်ထုံထိုင်းနေသော မှက်ဉာဏ်အရုံကြောတွေကနောက်ဆုံးမှာတော့တဖြည်းဖြည်းအလုပ်လုပ်လာပြီဖြစ်တယ် ။
သူရုတ်တရက်ဆိုသလို Zhou Ziheng ရဲ့ရုပ်ရှင်မိတ်ဆက်တဲ့အခမ်းအနားက ဒီည ၆ နာရီမှာရှိတာကိုသတိရသွားတယ် ။

VIP လက်မှတ်တောင်ရခဲ့ပြီးပြီ
ဒါပေါ့သူသွားပြီးကြည့်ရမှာပေါ့


Zhou Ziheng က ငယ်စဉ်ကတည်းကလေးကြယ်ပွင့်သရုပ်ဆောင်လေး ဖြစ်တယ် ။
ဒီနှစ်မှသူက အသက် ၂၀ ရှိသေးပင်မယ့် အနုပညာလောကထဲမှာ ၁၄ နှစ်လောက်သရုပ်ဆောင်လာခဲ့တာဖြစ်တယ် ။

သူ အဓိကဇာတ်ကောင်အဖြစ် ပွဲဦးထွက်တုန်းကအသက် ၆ နှစ်ပဲရှိသေးတယ် ။ အဲ့ဒရမ်မာက တစ်နှစ်တာကြည့်ရှုမှုအများဆုံးဖြစ်ပြီးchampionship တွေကိုတချက်တည်းနဲ့သိမ်းပိုက်ခဲ့တယ် ပြီးတော့ သူ့ကို အကျော်ကြားဆုံး ကလေးသရုပ်ဆောင်ဖြစ်စေခဲ့တယ် ။
အဲ့ဒါကြောင့်, Zhou Ziheng ကနောက်ပိုင်းမှာလည်းရုပ်ရှင်အများအပြားရိုက်ပြီး ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်းရိုက်ကူးလာတယ် ဒါပင်မယ့်လည်း သူက "ကလေးသရုပ်ဆောင်" ဆိုတဲ့ခေါင်းစဉ်အောက်မှာပိတ်မိနေဆဲပဲ ။

နောက်ပိုင်းမှာတော့ သူကကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီး လူထုမြင်ကွင်းကနှစ်အတော်ကြာ ပျောက်ကွယ်သွားတယ် ။ သူ့က အနုပညာစာမေးပွဲတောင်မဖြေခဲ့ဘူး တခြားစီနီယာအထက်တန်းကျောင်းသားတွေလိုမျိုး သာမာန်အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲကိုဖြေဆိုခဲ့တယ် ။ သူက P တက္ကသိုလ်ရဲ့ရူပဗေဒဌာနကိုသာအံ့ဩစရာကောင်းလှတဲ့အမြင့်ဆုံးအမှတ်နဲ့လျှောက်ခဲ့တယ် ။ လူသစ်တွေ စစ်မှုထမ်းတဲ့အချိန်ကာလကြာချိန်လောက် Zhou Ziheng က hot search မှာအချိန်အကြာကြီးရှိနေခဲ့တယ်

I Only Like Your Character Settings (MM translation)Where stories live. Discover now