Ep - 17 [U]

442 76 0
                                    

အခန်း (၁၇)

" မသာကောင် နင့်အသက်က ဘယ်လောက် ရှိသေးလို့ အိမ်ထောင့်တာဝန်ကို ထမ်းချင်နေတာလဲ။ နင်တောင် မိဘလုပ်စာကို ထိုင်စားနေတာလေ။ အဲဒါကို မိန်းမက ယူလိုက်သေး။ နင်က ဘာလုပ်တတ်လို့ ရှာကျွေးမှာလဲဟဲ့ "

ပါးစပ်ကလည်း တောက်လျှောက်လွှတ်သည်။ လက်ကလည်း မျောက်ရဲ့ ကျောပြင်နဲ့ လက်မောင်းတွေကို တဗြန်းဗြန်း ရိုက်သည်။ ရုတ်တရက် ရောက်ချလာပြီး သောင်းကျန်းနေတဲ့ ကာတွန်းကြောင့် မျောက်တို့ စုံတွဲရော ဇီးကွက်ပါ မယုံနိုင်သလို မှင်သက်နေ၏။ ဒါကို အခွင့်ကောင်း ယူပြီး ကာတွန်းက ပိုပိုသာသာ ဗျင်းပေးလိုက်၏။

" ဘာလဲဟ ! "

" မင်းအမေက မင်းကို ရှာတွေ့ရင် သူ့ကိုယ်စား အဲ့လိုပြောပြီး ရိုက်ပေးဆိုလို့ .."

" ပရမ်းပတာက စပြောပြီ "

အကြောင်းသိနေ၍ ကာတွန်းရဲ့ မုသားကို မျောက်က မယုံ။ အုပ်စိုးညီမနဲ့အတူ နှစ်ယောက် ထိုင်ခုံမှာ ဝင်ထိုင်တော့သည်။

" ငါ့ဘာသာ ရိုက်ချင်လို့ကို ရိုက်တာကွာ။ ခွေးကောင် ခိုးမယ်ဆိုလည်း ကြိုပြောလေ။ အုပ်စိုး မမိအောင် လုပ်ပေးမှာပေါ့။ ခုဟာက မင်းတို့ ရှိနေတဲ့ နေရာကို သိသွားပြီ။ ခဏနေ ရောက်လာလိမ့်မယ်။ မောတယ်။ ငါ့ကို ရေတစ်ခွက်လောက် တိုက်စမ်းပါ "

ခုံအလွတ်မှာ ဝင်ထိုင်ရင်း ပြောတော့ အုပ်စိုး ညီမလေးက ခေါင်းညိတ်ပြီး တဟုတ်ဟုတ်နဲ့ ထထွက်သွား၏။ သူ့အစ်ကို အုပ်စိုးထက် ကာတွန်းကို ပိုပြီး လန့်နေရှာပုံပင်။

" ပိုးဟပ်တို့ရော ပါမလာဘူးလား "

" ပိုးဟပ်က သူ့အမေ ခိုင်းလို့ မန္တလေး ဆင်းသွားတယ် "

မျောက်ရဲ့ အမေးကို ဇီးကွက်က ဖြေပေးသည်။ အုပ်စိုးညီမလေး ယူလာပေးသည့် ရေကို ကာတွန်း  မော့သောက်ပစ်လိုက်၏။ ဆံပင် ဂုတ်ထောက်လေးနဲ့ မျက်နှာဝိုင်းဝိုင်း၊ အသားဖြူဖြူ ကောင်မလေးက ချစ်စဖွယ် အဆင်းကို ပိုင်ဆိုင်ထားသည်။ အနေအေးမည့် ပုံလည်း ရှိ၏။ အုပ်စိုးနဲ့ အမြွှာဆိုပေမဲ့ စရိုက်ကတော့ တခြားစီ။ အသက်ပြည့်ပြီးသား သူတွေမို့ သိပ်ပြီး စိတ်ပူစရာတော့ မလို။ သို့ပေမဲ့ ကျောင်းတော်က ရန်စနဲ့ အုပ်စိုး ပွဲရှာလာမှာတော့ ရှောင်လွှဲမရ။ ဒါကြောင့်လည်း မတတ်သာလို့ ဖြစ်လာရင် ကိုယ့်လူ မခံရဖို့  ကာတွန်း ချက်ချင်း လိုက်လာရခြင်းပင်။

CartoonWhere stories live. Discover now