My Only One (part-3)

6.4K 486 31
                                    

Unicode:

ဂျင်တယောက်အိမ်ပြန်ရောက်တော့ မနက်ကတွေ့ခဲ့တဲ့ဂျောင်ကုအကြောင်းဘဲစဉ်းစားနေမိတယ်

ဘယ်လိုလူလဲဟ ငါ့ကိုသိနေတာလား နောက်ထပ်တွေ့မယ်ဆိုတာဘာကိုပြောတာလဲ ငါ့တို့ထပ်တွေ့နိုင်ဦးမှာလား 

သေချာကြည့်လိုက်တော့တော်တော်ချောတာဘဲ ချောတယ်လို့ပြောတာထက်ခန့်ညားတယ်ဆိုပိုမှန်မယ်ထင်တယ် မျက်လုံးဝိုင်းဝိုင်းလေးရယ် နှာခေါင်းပွပွလေးရယ် ရည်လိုက်ရင်ယုန်သွားလေးတေနဲ့ နူတ်ခမ်းပါးပါးလေးအောက်ကမှည့်လေးရယ် ဟီး...ချစ်စရာကောင်းနေပြန်ရော

Yarr.. Kim seok jinစိတ်ထိန်း ဘယ်လိုဖစ်လို့ 2ခါဘဲတွေ့ဖူးတဲ့လူတယောက်အကြောင်းကိုတွေးနေတာပါလိမ့်

ပင်ပန်းတာများပီးရူးသွားပီလား မဖစ်ပါဘူး သူများေရာဂါဆေးမကုပေးခင် ကိုယ့်ရောဂါအရင်ကုမှဘဲ ဟူး...အိပ်မှဖြစ်မယ် အိပ်ရေးပျက်တာများပီးရူးသွားပီထင်တယ်

တီ...တီ....တီ....
Jin-ဟာနာရီသံကလဲကွာ အိပ်တောင်မအိပ်ရသေးဘူးလေ မျက်စိမှိတ်တုန်းခဏဘဲရှိသေးတယ် မိုးလင်းသွားပြန်ပီလား မြန်လိုက်တာ အိပ်ရေးမ၀သေးပါဘူးဆို

Jinmom-သားရေနိုးနေပီလား ဆေးရုံသွားတာနောက်ကျဦးမယ် မြန်မြန်ထဦးနော်

Jin-ဟုတ်မေမေနိုးပီ
ဟူး စိတ်ပျက်လိုက်တာ ညကဟိုလူအကြောင်းတွေးရင်းမိုးချုပ်မှအိပ်ရတယ် တော်တော်အမြင်ကတ်ဖို့ကောင်းတဲ့လူဘဲ

ဂျင်လည်းပြင်ဆင်ပီးအောက်ဆင်းလာတယ်
Jin-မေမေ ဖေဖေရော

Jinmom-မင်းဖေ မနက်စောကြီးချိန်းထားတာရှိလို့ထွက်သွားတယ် ကုမ္မဏီကသိပ်အခြေအနေမကောင်းတော့ရင်နှီးမြှပ်နှံသူနဲ့စကားပြောဖို့ဆိုလားပါဘဲ

အမေလဲအလုပ်အကြောင်းတေသေချာမသိပါဘူးကွယ် သားစားပီးမြန်မြန်သွားဦး နောက်ကျနေဦးမယ်

Jin-ဟုတ်ကဲ့မေမေ
*ဖေဖေ အဆင်မှပြေရဲ့လား*

ဂျင်လဲဆေးရုံရောက်တော့ အ၀တ်အစားလဲနေတုန်း
Jin-လန့်လိုက်တာ ဂျီမင်ရာ

Jimin-မင်းကလဲငါတွေ့တာသရဲတွေ့တာ‌ကျနေတာဘဲ ဘာလန့်စရာရှိလို့လဲ

My Only One//Complete//Where stories live. Discover now