အခန်း-၁

674 68 2
                                    

Unicode
မင်းမျိုးမင်းနွယ် အသိုင်းအဝိုင်းကြားမှာ ဒါက နောက်ထပ် နိုင်ငံရေးအရ လက်ထပ်မှုသပ်သပ်သာ ဖြစ်ပေမဲ့ ကျွန်မကတော့ ကျွန်မ သိပ်ချစ်ရတဲ့သူနဲ့ လက်ထပ်ရတော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာနေမိတယ်။

...သူကျွန်မကို မချစ်ပေမဲ့ပေါ့။

"ဝပ်စတင်မြို့စား၊ ဒါ ကျွန်တော့်သမီး အန်မာရီပါ"

"မတွေ့ရတာကြာပြီနော်၊ မြို့စား"

"...အာ."

ဘုရင့်ညီ ဂေလ်ဘတ် ဝပ်စတင်။

သူ့ရဲ့ ချောမောလှတဲ့ ရုပ်ရည်နဲ့ မြင့်မားတဲ့ အဆင့်အတန်းကြောင့် သူက လူတန်းစား အမျိုးမျိုးကြား နာမည်ကြီးလေတယ်။ သူ့အစ်ကို ဘုရင် လက်ထပ်ပြီး သုံးလအကြာ
ကျွန်မ သူ့ဇနီးအဖြစ် အရွေးခံလိုက်ရတယ်။

ငယ်သူငယ်ချင်းအရင်းကြီးကနေ ဘဝလက်တွဲဖော် ဖြစ်သွားတာဟာ အိမ်မက်အတိုင်းပါပဲ။ သူ ကျွန်မကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ နိုင်ငံရေးအရဆိုတာ အသေအချာပါပဲ။ ကျွန်မအဖေက အမျိုးသားရေးရာ ဌာနတွေမှာ အရေးပါတဲ့ အမတ်ဖြစ်တယ်။ အဖေက သူ့အစ်ကို ဘုရင်ရဲ့ အရေးကြီးဆုံး အထောက်အပံ့ပေးသူတွေထဲက တစ်ယောက်လည်း ဖြစ်တယ်။

ဒါပေမဲ့လည်း ကျွန်မ ပျော်တယ်။

အမြဲတမ်း- ဟိုးအရင်ကတည်းက သူ့ကို ကျွန်မ ချစ်ခဲ့ရတာ။

အရင်ဘုရင် လက်ထက်ကတည်းက တော်ဝင်
မိသားစုအတွက် ကျွန်မတို့ မိသားစုက အနီးကပ် အထောက်အပံ့ပေးခဲ့တဲ့သူတွေ ဖြစ်လေရာ ဘုရင်နဲ့ ရင်းနှီးသွားစေတဲ့ အခွင့်အရေးကို အလိုအလျောက် ရခဲ့တယ်။

အဲနေ့ကစပြီး ကျွန်မ တက်ကြွဖျတ်လတ်တဲ့ အစ်ကို ဒီအောန်နဲ့အတူ အေးဆေး တည်ငြိမ်တဲ့ ဂေလ်ဘတ်တို့နဲ့ သူငယ်ချင်း ဖြစ်သွားတယ်။ သူတို့နှစ်ယောက်လုံးကို သဘောကျတယ်။

...ဂေလ်ဘတ်ကိုပေါ့။

"ဘုရင်နဲ့ လက်ထပ်မဲ့အစား သခင်မလေး မာရီယာက သခင်လေး ဂေလ်ဘတ်နဲ့ လက်ထပ်မယ်လို့ ကျွန်မ ထင်နေခဲ့တာ"

"ကျေးဇူးပြုပြီး တော်လိုက်ပါတော့"

မင်း ဘယ်သူပဲ ဖြစ်နေပါစေ၊ ဒါက မလေးစားရာကျတယ်။

ကျွန်မ ပျောက်ဆုံးသွားသောနေ့Where stories live. Discover now