အခန်း - ၂

436 63 0
                                    

Unicode

"အား—"

လူရမ်းကားအုပ်စုတစ်စု ကပွဲထဲ ကျူးကျော်လာတယ်။

ဒါ့အပြင် သူတို့က လူအုပ်တောင့်တယ်။

တော်ဝင်စစ်သည်တို့ ဘုရင်နဲ့ သူ့ဇနီးကို ကာကွယ်ဖို့ ချက်ချင်း ရောက်လာတယ်။

သူတို့ ဂေလ်ဘတ်၊ ဘုရင် ဒီအောန်နဲ့ မာရီယာတို့ဖက်ခြမ်းကို အလျင်အမြန် သွားလိုက်တယ်။

"မြို့စားကတော်၊ သင်ရောပဲ၊ မြန်မြန် ဘေးကင်းရာက်ို ထွက်ပြေးတိမ်းရှောင်ပါ"

"...အင်း"

ကျွန်မ ဘေးနားက တော်ဝင်စစ်သည်က ချက်ချင်း သူပုန်တို့နဲ့ တိုက်ခိုက်လိုက်တယ်။

နေရာအနှံ့ အော်သံတွေနဲ့ ဒေါသသံတို့ လွှမ်းခြုံသွားတယ်။

ဓားတွေကို ဝှေ့ရမ်းနေကြတယ်။

တော်ဝင်စစ်သည်တို့ရော သူပုန်တွေပါ ဒဏ်ရာရပြီး သွေးထွက်နေကြတယ်။ ပျော်ပျော်မြူးမြူး ကနေကြတဲ့ လူကုံထံတို့လည်း ထွက်ပေါက်ဆီ အလုအယက်ပြေးရင်း
လွှားရင်း ဓားဒဏ်ရာရသွားကြတယ်။

...သခင်လေး ဂေလ်ဘတ် ဘယ်မှာများပါလိမ့်

...အာ၊ ဟုတ်သားပဲ၊ နောက်ဆုံးတော့ သူက သခင်မ မာရီယာ ဘေးကနေ ဘယ်တော့မှ ခွါမှာမဟုတ်ဘူးလေ။

အခု သူ ဘုရင့်ဘေးနားမှာ မျက်နှာဖြူဖျော့သွားတဲ့ သခင်မ မာရီယာနဲ့ ဘုရင်ကို
ကာကွယ်နေဦးမှာ။

...ဟေ့၊ သခင်လေး ဂေလ်ဘတ်။

ဘာလို့မှန်းမသိ ကျွန်မ နံရိုးနားက ပူလောင်လာတယ်။

ကျွန်မ လမ်းမလျှောက်နိုင်တော့ဘူး။

မတ်တပ်ရပ်နေဖို့တောင် အရမ်းနာနေတယ်။

...ကူညီကြပါဦး။

ကျွန်မကို ကယ်ပါ၊ ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ၊...သခင်လေး ဂေလ်ဘတ်။

ကျွန်မလက်ကို ဂေလ်ဘတ်ဆီ ကမ်းလိုက်ရင်း ကျွန်မတို့ နောက်ဆုံးတော့ အကြည့်ချင်းဆုံသွားတယ်။

ချက်ချင်းပဲ သူ စိတ်မဝင်စားတော့သလို သူ အကြည့်လွှဲသွားတယ်။

ကျွန်မ ပျောက်ဆုံးသွားသောနေ့Where stories live. Discover now