- 1 -

3.7K 418 11
                                    

" ဘတ်ဟျွန်းနီလေး ဘာစားချင်လဲ "

" ပီဇာ "

" ပီဇာ အရမ်းကြိုက်တာလား "

" အွန်း .. "

ငုံ့ကြည့်ရင်းမေးမိတော့ ပြန်မော့ကြည့်ရင်း ခေါင်းလေးတဆတ်ဆတ်ညိတ်ပြီးဖြေတဲ့ ကလေးငယ်က ချစ်စဖွယ်။

" ဖေဖေက ဝယ်ကျွေးမှာပေါ့ .. သွားကြစို့ "

" သွားကြစို့ "

လက်ကလေးကိုဆွဲလို့ ဆေးရုံထဲက သားအဖနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ထွက်လာခဲ့တယ်။ ပိတ်ရက်မို့ ကျောင်းမသွားရတဲ့ သားက ဆေးရုံအထိလိုက်လာပြီး တနေကုန် သူ့ဘာသာလေး ဆော့လိုက်၊ စာဖတ်လိုက် လုပ်နေတာကိုကြည့်ပြီး အားနာသလို သနားလည်း သနားရတယ်။ တစ်နေ့တစ်နေ့ တာဝန်တွေကြားမှာ ဒီသားလေးကို ပေးစရာအချိန်ရယ်လို့ သီးသန့်မရှိ။ ဂျူတီပြီးတော့ ရတဲ့အချိန်လေးမှာ သူစားချင်တာလေး လိုက်ကျွေးဖို့ ဆေးရုံအပေါက်ဝ ရောက်တယ်ဆိုရင်ပဲ ..

" ဒေါက်တာဗြောင် .. ဒေါက်တာ ... "

Emergency ကားပေါ်ကနေ ဆွဲချလာတဲ့ လူနာတင်တွန်းလှဲပေါ်မှာ ပါလာတဲ့ လူနာနဲ့အတူ အားကိုးတကြီး ခေါ်သံကြောင့် ဒေါက်တာဗြောင် မျက်လုံးတွေ ပြာသွားရတယ်။

" ချန်းယောလ်လီလား ... "

" သားလေးကို ကယ်ပါဦး ..

" ချန်းယောလ်လီကို ခေါ်လို့မရတော့ဘူး .. "

" သားလေးကို ကယ်တင်ပေးပါဦး .. "

အမေဖြစ်သူရဲ့ အားကိုးတကြီး အကူအညီတောင်းရင်း ငိုရှိုက်သံတွေက အနားတစ်ဝိုက်မှာ စိုးမိုးသွားတယ်။

" ဘတ်ဟျွန်းနီ .. ဖေဖေက တောင်းပန်တယ်နော်။ နောက်တစ်ခါမှ သားစားချင်တာ လိုက်ကျွေးမယ်။ အခု ဖေဖေ့ရုံးခန်းထဲမှာ သွားပြန်စောင့်နေနော် "

ပြောပြောဆိုဆို ဆွဲထားတဲ့ ဘတ်ဟျွန်းရဲ့ လက်ကလေးကို ဖြုတ်ချပြီး လူနာတင်ကုတင်ပေါ် တက်ကာ လူနာရဲ့ နှလုံးရှိရာကို ဖိနှိပ်ရင်း အရေးပေါ်ဌာနထဲ ရောက်သွားပြန်တဲ့ ဖေဖေ့ကို ကြည့်ရင်း ဘတ်ဟျွန်း ငိုင်ငိုင်လေး ကျန်ခဲ့လိုက်ရတယ်။ ဒါပေမယ့် ဖေဖေပြောသလို ရုံးခန်းထဲမသွားတော့ဘဲ ဖေဖေ့နောက်ကိုပဲ ကျောပိုးအိတ်ကလေးလွယ်ရင်း ပြေးလိုက်ခဲ့လိုက်တယ်။ အသက် ၈ နှစ်ရှိပြီဖြစ်တဲ့ ဘတ်ဟျွန်းက ငယ်ငယ်ကလို လူကြောက်တတ်တဲ့ ကလေးလေး မဟုတ်တော့ဘူး။

CLOVER [COMPLETED]Where stories live. Discover now