Part 2 {Zawgyi}

1.9K 56 0
                                    

'ဆောင်း'နဲ့'ထိပ်ထားစံဝေ'တို့နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အတန်ကြာစိုက်ကြည့်နေမိကြရင်း-

'ဆောင်း' အခုမှမြင်ဖူးသော သူမရဲ့အိမ်ထောင်ဖက်လောင်းလေးရဲ့ရုပ်ကို တစ်ခုမကျန်လိုက်ကြည့်သွားမိသည်။ဂျင်းပြဲဘောင်းဘီရှည်ကိုမှ ကော်လံပါတဲ့အပြာနုရောင်လက်ရှည်အင်္ကျီလေးနဲ့တွဲဝတ်ထားပြီး('ထိပ်ထားစံဝေ'က အမြဲတမ်းပဲ အင်္ကျီလက်ရှည်နဲ့ဘောင်းဘီရှည်ကိုတွဲဝတ်လေ့ရှိပါတယ်)၊ဆံပင်ကတော့ ကျောလယ်လောက်အထိရှည်ကာအညိုရောင်ဆိုးထားပါသည်။နဖူးကိုဖော်ထားပြီးအနောက်ကိုလှန်ထားတဲ့ဆံပင်စတိုင်လေးနဲ့ 'ထိပ်ထားစံဝေ'ကိုကြည့်ရတာ ကျော့ရှင်းချောမောလို့နေပါတော့သည်။သူမရဲ့မျက်နှာပေါက်လေးဟာဆိုရင်လည်း မျက်ခုံးမွှေးကောင်းကောင်း၊မျက်လုံးလေးက မျက်ရစ်လေးနှစ်ထပ်နဲ့ နှာတံလေးကတော့လုံးလုံးလေးဖြစ်ကာ နှုတ်ခမ်းလေးကမထူမပါး၊အပေါ်ကိုကွေးညွတ်မလိုဖြစ်နေပြီး ပြုံးယောင်သမ်းနေတဲ့နှုတ်ခမ်းလေးနဲ့ 'ထိပ်ထားစံဝေ'ဟာ မြင်သူတိုင်းကြွေဆင်းသွားစေမယ့်ရုပ်ဆင်းအင်္ဂါရှိသူလေးဖြစ်နေကာ 'ဆောင်း'ကဒီလောက်ထိမထင်ထားတော့ ခဏငေးကြည့်သွားမိသည်။🙂

ဒီလိုမပေါ်လာခင်က 'ဆောင်း'.'ထိပ်ထားစံဝေ'ကို အမြင်ကပ်ပြီးစိတ်ဆိုးမလိုဖြစ်နေခဲ့ပေမယ့် သူမကိုကြည့်နေတဲ့ကြင်နာတဲ့မျက်ဝန်းလေးတွေကြောင့် အမြင်ကပ်နေတာတွေကဘယ်ရောက်သွားမှန်းမသိတော့ပါ။ဘယ်လိုမှန်းမသိ 'ထိပ်ထားစံဝေ'ကိုတွေ့မိမိချင်း ချစ်ခင်နှစ်လိုစရာကောင်းနေလေတော့ 'ဆောင်း' ကိုယ့်ရဲ့ညီမလေးတစ်ယောက်လိုချစ်ခင်စိတ်ဖြစ်ပေါ်သွားသည်။

'ထိပ်ထားစံဝေ'အဖို့လည်း မျက်ဝန်းလှလှပိုင်ရှင်လေးကို တစ်ချက်ကလေးမှမျက်တောင်မခတ်ဘဲမှင်သက်စွာကြည့်နေခဲ့မိသည်။အသားလေးကဖြူဖွေးနုအုပြီး မြန်မာဝတ်စုံအနက်ရောင်ဇာဝမ်းဆက်လေးနဲ့ဆိုတော့ ထင်းလင်းပြီး 'ဆောင်း'ဟာအရမ်းလှပလွန်းနေတာပေါ့။နက်မှောင်သန်စွမ်းနေတဲ့ 'ဆောင်း'ရဲ့ပိတုန်းရောင်ဆံကေသာလေးဟာ ခါးအထိတောင်ရှည်နေလေတော့ ကျက်သရေရှိပြီးကို ချောမောလှပနေတော့တာပါ။'ဆောင်း'ကအမြဲတမ်း ရှေ့ဆံပင်မြိတ်ကိုနဖူးပေါ်မှာအုပ်ချထားလေ့ရှိပါတယ်။

Only for you{မမအတှကျသာ} >>Uni+ZawWhere stories live. Discover now