Chapter-3

572 117 14
                                    

#Unicode

“စိတ်မကောင်းပါဘူး။ ဒီ‌တောင်းဆိုမှုကို လက်မခံနိုင်ပါ။ သင့်ရဲ့မူလကမ္ဘာတွင် သင်သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ အကယ်၍ သင်သာ ပြန်သွားခဲ့မည်ဆိုလျှင် ပြာသာ ဖြစ်လိမ့်မည်။ သို့သော် သင်လက်ရှိဖြစ်နေသော ယွမ်သန်းနှစ်ဆယ်အကြွေးတင်နေတာနှင့်ပတ်သက်သည့် ပြဿနာကို ကျွန်တော် ကူညီဖြေရှင်းပေးနိုင်ပါတယ်။”

ကောင်းပြီ။ သူမ အကောင်းဆုံးအခြေချနေထိုင်ဖို့ လုပ်ရမှာပေါ့။

“ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ”

“လုလီရှင်းကို မင်းလက်ထပ်လိုက်မယ်ဆိုရင် သူသေပြီးတဲ့နောက်မှာ မင်းက သူ့ရဲ့အမွေအားလုံးကို ရရှိလိမ့်မယ်။”

ဒီ systemက ဒီလောက် အစွမ်းထက်တာလား။ သူမသည် သူမလိုချင်သော မည်သူ့ကိုမဆို လက်ထပ်နိုင်တာလား။

“သူ့အမွေက ဘယ်လောက်များလဲ”

-- "Oh... ဘီလီယံတစ်ရာလောက်တော့ ရှိမယ်”
(တစ်ဘီလီယံဆိုရင် သန်းတစ်ထောင်ပါနော်။ တစ်ရာဘီလီယံဆိုတော့ ဘယ်လောက်တောင် များလိုက်မလဲ။ စဥ်းစားသာ ကြည့်ပါတော့)

"......"

ကျီချင်းချင်းသည် သဘောတူလိုက်သည်။ "... Okay ဆက်လုပ်” ဒီကမ္ဘာက အရမ်းရူးချင်စရာကောင်းတယ်”

“ငါ ဘာလုပ်သင့်လဲ”

-- ”တံခါး ဖွင့်ပါဦး”

တံခါးခေါက်သံကို ကြားလိုက်ရသည်။

ချောင်းကြည့်ပေါက်ကနေ ကြည့်သည့်အခါမှာ ကျီချင်းချင်းသည် ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ကြည့်ဖို့ တံခါးကိုဖွင့်လိုက်သည့်အခါမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် အမျိုးသားများစွာ အပြင်ဖက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ကျီချင်းချင်းသည် နောက်သို့ ခြေလှမ်းတစ်လှမ်း ပြန်ဆုတ်လိုက်သည်။ ဒီလူတွေက မာဖီးယားဂိုဏ်းကလား။

ထိုလူစု၏ခေါင်းဆောင်က “ကျီမိန်းကလေးလား” ဟု မေးလိုက်သည်။

ကျီချင်းချင်းသည် စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ် ကျွန်မပဲ”

“ကျွန်တော်တို့ရဲ့မိသားစုခေါင်းဆောင်ဟောင်းမှာ မင်းနဲ့ တိုင်ပင်ဆွေးနွေးစရာတစ်ခုရှိလို့။ ကျေးဇူးပြု၍ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ”

ထိုသို့စကားဆိုသော်လည်း တောင်းဆိုသည့်စကားသံကဲ့သို့ မဖြစ်ခဲ့ပေ။

ထိုလူသည် ဝတ်စုံပြည့်နှင့် မျက်မှန်များကို ဝတ်ဆင်ထားတာကြောင့် သူမသည် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အပြင် ဖြစ်ပျက်နေသော အကြောင်းအရာကို အတိအကျ မပြောနိုင်ပေ။ သူ့သဘောထားသည်  သာမာန်စီးပွားရေးလုပ်နေသည့်အလား အေးတိအေးစက်နိုင်သောကြောင့် ကျီချင်းချင်းသည် အမှန်တကယ် စိုးရိမ်ပူပန်မိသည်။

-- “သူနှင့်လိုက်သွား... မြန်မြန်... သူနှင့်လိုက်သွား”

“ခဏစောင့်ပေးပါ” ကျီချင်းချင်းသည် အထဲသို့ ပြန်ဝင်ကာ အောက်ထပ်သို့ မဆင်းမီ သူမအဝတ်အစားများကို လဲလှယ်ဝတ်ဆင်ခဲ့သည်။

ညလေညှင်းသည် တိုက်ခတ်နေသည်။ ဒီမြင့်မားသောရပ်ကွက်အတွင်း ပတ်ဝန်းကျင်ဟာ ခြောက်ကပ်နေခဲ့သည်။

မြေအောက်ကားပါကင်တွင် ရပ်ထားသည့် အနက်‌ရောင်ဇိမ်ခံကားလေးစီး၏ ကားမီးရောင်များဟာ မျက်စိကျိန်းသွားစေခဲ့သည်။ ထိုလူအုပ်၏ခေါင်းဆောင်သည် ကားတံခါးကို ဖွင့်ပေးကာ သူမကို ဝင်ရန် လက်ဟန်ပြသခဲ့သည်။

ကျီချင်းချင်းသည် နောက်ခန်းထဲတွင် ဝင်ထိုင်လိုက်သည်။ သူမသည် တည်တည်ငြိမ်ငြိမ် ရှိနေသည့်ပုံရသော်လည်း ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် အရယ်အပြုံးကင်းမဲ့သည့် အမျိုးသားကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကြည့်မိသည့်အခါ သူမ အလွန်တုန်လှုပ်သွားမိသည်။ “ဘယ်ကို သွားနေကြတာလဲ”

“ဆေးရုံကို”

“ရှင့်ရဲ့မိသားစုခေါင်းဆောင်ဟောင်းက ဘယ်သူလဲ”

“လုခေါင်းဆောင်ဟောင်းပါ”

ကျီချင်းချင်းသည် အသံတိတ်သွားခဲ့သည်။ သူမရရှိထားသည့် လုလီရှင်းအကြောင်း သတင်းအချက်အလက်များတွင် ထိုအကြောင်းကို အပိုအနေဖြင့် စုဆောင်းရရှိထားခဲ့သည်။

လုလီရှင်း အသက်သုံးဆယ်အရွယ်ရှိပြီး အရပ်က 189 cm(ခြောက်ပေ နှစ်လက်မ)ရှည်သည်။ သူသည် နာမည်ကြီးတက္ကသိုလ်တစ်ခုမှ မာစတာဘွဲ့ ရရှိခဲ့သည်။ လွန်ခဲ့သောတစ်လက ယာဥ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ သူ့အခြေအနေမကောင်းပေ။ သူဟာ ယခုအချိန်ထိ မနိုးထနိုင်သေးပါ။ သူသည် အမျိုးသမီးများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိဟု လူသိများသော်လည်း သူက လူများကို ညှင်းပန်းနှိပ်စက်ရသည်ကို ကြိုက်နှစ်သက်ပြီးတော့ အလွန်ထိန်းချုပ်တတ်ပြီး မတည်ငြိမ်သောစိတ်ထားရှိသည်ဟူသော ကောလာဟလများစွာ ရှိသည်။ သူ့မှာ ကိုယ်ပိုင်မြေအောက်ခန်းရှိပြီး မြေအောက်ခန်းမှလာသည့် ငိုကြွေးအော်ဟစ်သံများကို အစေခံများက မကြာခဏ ကြားခဲ့ရသည်။

အဆိုပါဝတ္ထုတွင် လုလီရှင်းအကြောင်း အနည်းငယ်သာ ဖော်ပြထားခဲ့သည်။ ၎င်းစာသားအများစုသည် မှတ်ချက်များ သို့မဟုတ် ယာယီကိုးကားချက်များသာ ဖြစ်သည်။  သူက ခက်ခဲကြမ်းတမ်းသည့် အခြေအနေများတွင်သာ အခြေအနေများကို ပြောင်းလဲဖို့သာလျှင် ပေါ်လာလိမ့်မည်။ ဖုန်းကွယ်ဖို့ ကြိုးစားလေလေ လျှို့ဝှက်ဆန်းကြယ်လေလေ ဖြစ်လာခဲ့သည်။

အရေးအကြီးဆုံးကတော့ သူသည် ကျီချင်းချင်းရဲ့ ရည်းစားဟောင်း၏အစ်ကိုကြီး ဖြစ်သည်။

“ကျွန်မကို လုခေါင်းဆောင်ဟောင်းက ဘာလို့ တွေ့ချင်ရတာလဲ”

“ကျွန်တော်လည်း မသိဘူး။ ကျီမိန်းကလေး မင်း ဆေးရုံကိုရောက်တာနဲ့ မင်း အဲ့အကြောင်းကို သိရလိမ့်မယ်”

ကျီချင်းချင်းသည် သူတို့ဖြတ်သန်းလာသည့် ကားပြတင်းပေါက်အပြင်ရှိ မှုန်ဝါးဝါးရှုခင်းကိုကြည့်ကာ သူမကိုယ်သူမ အားပေးနေလိုက်သည်။

---

လွန်ခဲ့သည့်နှစ်နာရီက

ဆေးရုံရဲ့ တိတ်ဆိတ်နေသည့် စင်္ကြလျှောက်လမ်းမှာ မြန်မြန်ဆန်ဆန်ခြေလှမ်းတွေက ငြိမ်းအေးနေမှုကို ပျက်ပြားစေခဲ့သည်။

“စီနီယာလု မင်းမြေးဖြစ်သူရဲ့အခြေအနေက မျှော်လင့်ချက်မရှိဘူး။ သူ့ရဲ့အဓိကကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်ဟာ ကျဆင်းလာတယ်။ သူ့ကိုကယ်တင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒါပေမယ့် ကျေးဇူးပြုပြီး မင်း သူ့ရဲ့ ရောဂါအခြေအနေကို အသိပေးတဲ့ ဒီသတိပေးချက်မှာ လက်မှက်ထိုးပေးပါ”

ဘော်ငွေရောင်သမ်းနေသောဆံပင်အ‌ရောင်ရှိသည့် လူအိုကြီးသည် ဆရာဝန်ထံမှ သတိပေးချက်ကို ယူခဲ့သည်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဘောပင်သည် ကီလိုငါးရာခန့် လေးနေသည်ဟု သူ့မှာ ခံစားရသည်။

“ဒေါက်တာ ငါ မင်းကို ဒုက္ခပေးမိပြီ”

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ကံကြမ္မာက အဆုံးဖြတ်ပေးလေသည်။ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းများစွာကို တွေ့မြင်ခဲ့ရသည်။ မွေးဖွားခြင်းနှင့် အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့သည် လူတို့၏သဘာဝပင် ဖြစ်သည်။ ဒီကိစ္စမှာ သူဝင်ရောင်စွက်ဖက်လို့မရဘူး။ ဒါပေမယ့် ဆံပင်ဘော်ငွေရောင်ရှိသည့်လူအိုကြီးသည် ဆံပင်အနက်ရောင်ရှိသေးသည့်လူသားကို မလွှတ်ပေးနိုင်သေးဘူး။ ထိုလူသည် သူ ဒုက္ခသုက္ခခံ၍ ပညာသင်ကြားပေးကာ ကျွေးမွေးပြုစုခဲ့သော သူ့မြေးဖြစ်သည်။

သူ့ဘေးမှလူတစ်ဦး၏အကူအညီဖြင့် မတ်တပ်ရပ်နေသော လူအိုကြီးသည် သူ့ခြေထောက်များ အားနည်းသွားသလို ခံစားရကာ စင်္ကြံရှိထိုင်ခုံတစ်ခု၌ ထိုင်လိုက်သည်။ သူ့ဘဝတစ်သက်တာလုံး တည့်မတ်နေခဲ့သော သူ့နောက်ကျောသည် ယခုအချိန်မှာတော့ ကိုင်းညွှတ်သွားခဲ့သည်။ သူဟာ ရှိရင်းစွဲအသက်ထက် ပိုကြီးရင့်သွားပုံပေါ်သည်။

အခြားလူတစ်ဦး၏ခြေသံများကိုကြားလိုက်ရပြီး လူတစ်ဦးက လူအိုကြီးအနားသို့ ချဉ်းကပ်လာပြီး သူ့နားရွက်နား တိုးတိုးလေး ပြောလိုက်သည်။

“ကျီချင်းချင်းလား” အရှင်သခင်ဝမ်က အဲ့လို ပြောလိုက်တာလား”

“ဟုတ်တယ်။ အရှင်သခင်ဝမ်က သခင်လေးက ကျီချင်းချင်းလို့ အမည်ရှိသည့်မိန်းမနှင့် လက်ထပ်လိုက်တာနဲ့ သူ့ရဲ့ဆေးဘက်ဆိုင်ရာ အန္တရာယ်ကို ရှောင်ကြည်နိုင်လိမ့်မယ်လို့ ပြောတယ်။ ဒါက ကျီချင်းချင်းရဲ့ ကိုယ်ရေးအချက်အလက်တွေပါ။ ကျေးဇူးပြု၍ ကြည့်ပါ။”

ငါ့ဇနီးက ငါ့ဘဝပဲ (MM Translation)Where stories live. Discover now